နောက်တစ်ရက်အဆောင်သော့တွေပြန်အပ်ရပြီး
ကိုယ်စီအိမ်ပြန်ရတော့မည်ဆိုပြန်တော့လည်း
ဟန်မင်းစေရာမှာရောက်လာသည့်ကျောင်းပိတ်ရက်ကို
အားမလိုအားမရဖြစ်ရပြန်သည်။အထုပ်အပိုးတွေပြင်ဆင်ပြီးနောက်အိမ်ကလာခေါ်သူကခေါ်၊ ကိုယ်တိုင်ပြန်ကြသည့်သူကလည်းပြန်နှင့်
အဆောင်တစ်ခုလုံးရှုပ်ယှက်ခတ်နေတော့သည်။ဟန်မင်းစေရာကတော့အစ်မဖြစ်သူကလာခေါ်မည်မို့
မနက်အစောကတည်းကသိမ်းဆည်းပြင်ဆင်ပြီး
စောင့်နေရသည်။သူရနိုင်ကတော့အကြိုက်ပေပဲပေါ့။
သူ၏အိမ်ကလာခေါ်သည်ကိုတောင်အထုပ်တွေသာ
ထည့်ပေးလိုက်ပြီးလူကတော့ဟန်မင်းစေရာ၏
အစ်မကိုတွေ့ချင်စိတ်ဖြင့်ကျန်နေခဲ့သေးသည်။
ဟန်မင်းစေရာကတော့အမြင်ကပ်မဆုံးပေ။သူရနိုင်နည်းတူပင်အဂ္ဂ၊စိုင်းညီ၊ရဲရင့်တို့မှာလည်း
ပြန်ဖို့အဆင်သင့်မဖြစ်သေးသည့်ရှိုင်းထက်ယံကို
အဖော်ပြုရင်းအထုပ်အပိုးသာထည့်လွှတ်ကြပြီး
လူကတော့နေရစ်ခဲ့သည်။အခုတော့သူတို့အားလုံးဟာအဆောင်ရှေ့မှာ
မြက်ခင်းပြင်မှာတစုတစည်းတည်းထိုင်နေကြပြီး
ခြောက်ယောက်သားစကားဝိုင်းသုံးစုကွဲနေကြသည်။
ရှိုင်းထက်ယံနှင့်ဟန်မင်းစေရာကတစ်ဖွဲ့၊အဂ္ဂ၏
ယနေ့ဖက်ရှင်ကိုဝေဖန်ရေးလုပ်နေသည့်စိုင်းညီနှင့်
ရဲရင့်ကတစ်စု၊ သူရနိုင်၏မမအကြောင်းဋီကာကို
နားထောင်ရင်းဒုက္ခခံနေရသောအဂ္ဂကတစ်စုနှင့်
အဖွဲ့ကွဲနေကြလေရဲ့။"ထက်ယံ မင်းရဲ့အိမ်ကဘယ်သူ.."
ဟန်မင်းစေရာမှာမိမိ၏စကားကိုဆက်ဖို့ခဲယဥ်းသွားရသည်။လာခေါ်မည့်သူရယ်လို့မှမရှိသူမဟုတ်လား။
အဘွားဖြစ်သူကိုတော့လာခေါ်ခိုင်းမည့်သူမဟုတ်တာ
သိနေသည်မို့အလိုက်ကမ်းဆိုးမသိဘဲလွှတ်ခနဲ
ထွက်သွားသောမိမိကိုယ်ကိုကျိန်ဆဲမိပါသည်။"သြော် ငါကငါ့အခန်းကိုပဲပြန်မှာလေ
အဲ့နားမှာနေတဲ့ဦးလေးရဲ့ကားကိုငှါးထားတာ
အခုကသူနောက်ကျနေလို့""ငါကမင်းအဘွားဆီပဲပြန်မယ်ထင်တာ"
"တစ်ခါတလေတော့အဘွားဆီကိုသွားတယ်လေ
ငါ့အခန်းမှာကျတော့နေရတာပိုလွတ်လပ်လို့"
YOU ARE READING
I Found My Prince Charming [Season-1]