Unicode Version
ရှိုင်းထက်ယံလည်း ဟန်မင်းစေရာထွက်သွားပြီးသည်နှင့် သူငယ်ချင်းဖြစ်သူများထံသို့ သွားရန်စိတ်ကူးမိသဖြင့် ဆက်သွယ်ကြည့်ပါသော်လည်း အကုန်လုံးက အတွဲကိုယ်စီနှင့်မအားမလပ်ဖြစ်နေသဖြင့် သူများအတွဲကြားဝင်မရှုပ်လိုသည့်အတွက် အဂ္ဂဆီကိုသာ ထွက်လာခဲ့လိုက်သည်။
ဤသည်ကိုအဂ္ဂသိတော့ သူ့ကိုမကျေမနပ်ဖြစ်ကာဆဲလေသည်။
"ဟုတ်တယ်လေ။ သူတို့ကတော့ ငါနဲ့တွေ့ဖို့ပြောပါတယ်။ ဒါပေမယ့် ငါကမနှောင့်ယှက်ချင်ဘူးလေကွာ။ အဲ့ဒီတော့ လွတ်လွတ်လပ်လပ်ရှိတဲ့ မင်းဆီကိုပဲရောက်လာရတာပေါ့"
"တစ်ယောက်တည်းသမားဆိုပြီး အနိုင်ကျင့်ချင်တာလား"
"ဖြစ်စရာလား။ ငါ့သူငယ်ချင်းလေး အထီးကျန်နေမှာစိုးလို့ အဖော်လုပ်ပေးတာပါ"
ထိုအခါ အဂ္ဂမှာ ရှိုင်းထက်ယံ၏ညှိုးသကျည်းကို လှမ်းကန်၍ ခပ်ချဥ်ချဥ်ပြန်ပြောလေသည်။
"စောက်ပိုတွေတော်လိုက်တော့။ အချစ်နဲ့ဝေးဝေးမှာနေရတာလည်း လောကနိဗ္ဗာန်တစ်ခုပဲကွ။ အနည်းဆုံးတော့ ငါ့ရဲ့ပျော်ရွှင်မှုကတစ်ပါးသူအပေါ်မမှီခိုဘူးလေ သိလား။ ငါနေချင်သလိုနေမယ်။ သွားချင်ရာသွားမယ်။ ငါနေရတာသက်သာရင်ငါပျော်မှာပဲ။ ဘယ်သူကဂရုမစိုက်လို့ ပစ်ထားလို့ဆိုပြီးဝမ်းနည်းနေစရာမလိုဘူးကွ"
ရှိုင်းထက်ယံသည် အဂ္ဂ၏ထိုအတွေးအခေါ်လေးမှာ အလွန်ချစ်ဖို့ကောင်းသည်ဟု မြင်မိသည်။ အဂ္ဂက တစ်ယောက်တည်းနေရ၍လည်း ဝမ်းနည်းအထီးကျန်မနေဘဲ အရှိအတိုင်းပျော်နေတတ်သည်။
ဒါဟာလည်း မိဘနှစ်ပါး၏အိမ်ထောင်ရေးမသာယာမှုကို ကိုယ်တွေ့မြင်တွေ့ထားဖူး၍ လူနှစ်ယောက်ဘဝတစ်ခုပေါင်းစပ်ကြသည့်အရေးကို သာယာဖြောင့်ဖြူးသည့်လမ်းမဖြစ်နိုင်ဟု တထစ်ချယုံကြည်နေခြင်းကြောင့်ဖြစ်၏။
"ဒါနဲ့ ရဲရင့်ကဘယ်အချိန်လောက်ပြန်လာမှာလဲ"
အဂ္ဂက လက်ထဲမှကော်ဖီခွက်ကို စားပွဲပေါ်သို့တင်လိုက်ရင်းရုတ်တရက်ထပြောသောအခါ ရှိုင်းထက်ယံလည်း အတွေးလွန်နေရာမှ အဂ္ဂ၏အမေးကိုဖြေရသည်။
BINABASA MO ANG
I Found My Prince Charming [Season-1]