Ep-5

9.9K 950 7
                                    

Unicode Version

ဟန်မင်းစေရာဟာ စာလုပ်မည်ဟူသောအတွေးဖြင့် စာအုပ်ကိုရှေ့ချထားသော်လည်း အာရုံကတော့ နေ့လည်ကကိစ္စတွင်သာ တဝဲလည်လည်ဖြစ်ရသည်။ သူ့အား နာနာကြည်းကြည်းကြည့်၍ လှည့်ထွက်သွားသော ကျောပြင်တစ်ခုကို ယခုအထိ မျက်လုံးထဲကဖျောက်မရနိုင်ပေ။ ကိုယ့်ကြောင့်ဟူသောအသိကလည်း တစ်ကိုယ်လုံးကိုဖိစီးထားပြီး သက်တောင့်သက်သာမရှိလှပေ။

သူတစ်ပါး၏ဒုက္ခများကိုသာ ကူညီပေးတတ်ခဲ့သူဟန်မင်းစေရာအဖို့တော့ သူ့ကြောင့် သူတစ်ပါးစိတ်ဒုက္ခရောက်ရလေခြင်းဆိုသည်ကို လက်မခံနိုင်သလို အတော်လည်းစိတ်မကောင်းဖြစ်ရသည်။

"ဟာ..စာထဲလည်းစိတ်မပါတော့ဘူးကွာ"

အတွေးပေါင်းစုံယောက်ယက်ခတ်နေသဖြင့် စာလည်းမလုပ်နိုင်တော့ဘဲ စိတ်ညစ်ညစ်နှင့် စာကြည့်စားပွဲပေါ်ကိုခေါင်းမှောက်ချကာ ညည်းတွားမိသည်။

"ဘာတွေဖြစ်နေတာလဲဟ"

ဇွဲညီညီက သူ့ပုံစံကိုကြည့်ကာ စိတ်မသက်မသာဖြင့်မေးလာသည့်တိုင် သူ့မှာ မည်သို့နှယ်ပြန်ဖြေရမှန်းမသိ။

"ဟူး..အာရုံတွေများနေလို့ပါကွာ"

"စာလုပ်ချင်စိတ်မရှိရင်လည်းလုပ်မနေနဲ့။ မင်းကိုကြည့်ရတာပင်ပန်းနေတဲ့ပုံနဲ့။ နားလိုက်စမ်းပါကွာ"

အမှန်တကယ်လည်း ဇွဲညီညီပြောသလို စာထဲ၌စိတ်မရောက်မည့်အတူတူ နားလိုက်ဖို့သာစိတ်ကူးပြီး အိပ်ယာပေါ်သို့ပစ်လှဲချလိုက်သည်။ လှဲလိုက်သည်နှင့် အနည်းငယ်သက်တောင့်သက်သာဖြစ်သွားသော ခန္ဓာကိုယ်မှခံစားမှုအရ "အနားယူဖို့တော်တော်လိုအပ်နေခဲ့တာပဲ"ဟု တွေးမိပြန်သည်။

အိပ်ယာပေါ်တွင် လှဲနေမိပေမယ့်လည်း အိပ်ချင်စိတ်ကမရှိသေးပေ။ ရှိုင်းထက်ယံပြောသွားသော စကားတို့ကိုသာ ပြန်ကြားယောင်နေမိပြီး ရင်ထဲမကောင်းပေ။ သို့နှင့် မနက်ဖြန်ကို မြန်မြန်ရောက်ရန်သာ မျှော်လင့်ရင်း ညနက်မှသာအိပ်စက်ခြင်းအမှုကိုပြုနိုင်ခဲ့သည်။

...........

"ဟေ့ကောင်တွေ ဟိုကောင်ထွက်သွားပြီဟ"

I Found My Prince Charming [Season-1]Where stories live. Discover now