Unicode Version
"အဲ့ဒီကောင်က ဘာဇာတ်လမ်းထွင်နေတာလဲ"
အတန်းဆင်း၍ အဆောင်သို့ပြန်သည့်လမ်းတွင် ရှိုင်းထက်ယံက တစ်နေ့ကအဖြစ်အပျက်များကို သူ၏သူငယ်ချင်းများအား ပြောပြလိုက်ရာ စိုင်းညီက မကျေမနပ်ရေရွတ်သည်။
"ဇာတ်လမ်းရယ်လည်းမဟုတ်လောက်ပါဘူး။ သူ့ရဲ့စိတ်ရင်းကိုမြင်ရတယ်။ အင်း..ထင်ထားသလောက်လည်း ဆိုးတဲ့လူမဟုတ်ဘူးထင်တယ်"
ရှိုင်းထက်ယံက တွေးဆဆဖြင့်ပြောပြသောအခါ သူရနိုင်ကခေါင်းခါကာ ဝင်ပြောလာသည်။
"မဟုတ်သေးပါဘူး။ ဒီကောင့်အပေါ် မင်းရဲ့အကောင်းမြင်စိတ်တွေက ဘယ်တုန်းကစပြီးပေါ်လာရတာလဲ။ ဒီကြားထဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ ထည့်စဥ်းစားဦးနော်"
"ဟုတ်တယ်။ ကိုယ့်ရဲ့အားနည်းချက်ကို အသုံးချမယ့်သာပေါင်းညာစားအပေါင်းအသင်းမျိုးကိုတော့ မင်း လိုချင်လိမ့်မယ်မထင်ဘူး"
အဂ္ဂကပါ သူရနိုင်၏စကားကိုထောက်ခံသလို ဝင်ပြောလာသောအခါ ရဲရင့်က သူတို့ကိုလက်ကာပြ၍ ဝင်ဖြေရှင်းသည်။
"ထက်ယံက ဒါတွေကိုမတွေးတတ်တဲ့သူငယ်နှပ်စားလည်း မဟုတ်တော့ပါဘူး။ သူ့စိတ်ထဲမှာ အမှန်လို့သတ်မှတ်လိုက်တာတွေမှန်သမျှ သူတကယ်တွေးတောပြီးမှ ဆုံးဖြတ်ထားတဲ့အရာတွေဆိုတာ ငါတို့လည်းသိတာပဲ။ ပြီးတော့ ထက်ယံက ဘယ်သူ့ကိုခင်မယ်မခင်ဘူးဆိုတာက ငါတို့ဝင်ဆုံးဖြတ်ပေးလို့မရဘူးလေကွာ။ ဒါက သူ့ရဲ့ရွေးချယ်ခွင့်ပဲ။ တခြားတစ်ယောက်နဲ့မိတ်ဆွေဖွဲ့လိုက်တယ်ဆိုရင်တောင် ငါတို့အဖွဲ့ထဲက ထွက်သွားတာမျိုးမှမဟုတ်တာပဲလေ။ ဘေးလူဝင်လာလို့ပျက်စီးသွားမယ့် ဆက်ဆံရေးတွေထဲမှာ ငါတို့ငါးယောက်ရဲ့ friendshipမပါဘူးလေ Right?"
ရဲရင့်၏စကားအဆုံးတွင် အားလုံးကနားလည်သဘောပေါက်သွားကြသည့် အမူအရာကိုယ်စီနှင့် ခေါင်းညိတ်ပြကြသည်။ ထုတ်ပြောစရာမလိုအောင်သိသာနေသည့် သူတို့၏သံယောဇဥ်မှာ အရာအားလုံးထက်သာလွန်ကြောင်း ငါးယောက်သားယုံကြည်ထားကြသည်။
"တကယ်ကိုပဲ ထက်ယံရဲ့စိတ်ကို အသေးစိတ်နားလည်တာ ရဲရင့်တစ်ယောက်ပဲရှိတယ်။ ငါတို့တွေဆိုတာကမှ ဒုတိယနေရာမှာရှိနေသေးတာ။ ပြီးတော့ သဘောပေါက်အောင်နားချတတ်တဲ့
နေရာမှာလည်း တော်တယ်"
YOU ARE READING
I Found My Prince Charming [Season-1]