Extra-5

10.1K 605 52
                                    

Unicode Version

လပေါင်းများစွာအတွင်းလူစုံတက်စုံရှိရခြင်းမှာယနေ့ကပထမဆုံးပင်ဖြစ်လေရဲ့။မိန်းမဖြစ်သူ၏ မွေးနေ့တွင်အကောင်းဆုံးဆိုသည့်အရာများသာဆောင်ကြဥ်းပေးချင်ရှာသောသူရနိုင်မှာလည်းမွေးနေ့ပွဲမတိုင်ခင်ပြေးရလွှားရနှင့်အလုပ်ရှုပ်ခဲ့ရရှာသည်။သူတို့အဖွဲ့မှလူများကိုသာဖိတ်သောပွဲ ဖြစ်ပေမယ့်ခမ်းခမ်းနားနားလေးတော့ဖြစ်စေချင်သည်မို့ဤကဲ့သို့အပင်ပန်းခံခဲ့ခြင်းပင်။

ဟန်မင်းစေရာကတော့အစ်မဖြစ်သူ၏မွေးနေ့ကိုမေ့သွားခြင်းကြောင့် ဟန်မေမူယာကိုထိုင်ကန်တော့မတတ်တောင်းပန်နေရှာသည်။ဟန်မေမူယာကလည်းအပြစ်မယူရှာပေ။ အဂ္ဂနှင့်ရဲရင့်ကတော့ဟန်မေမူယာအတွက်ယူလာသောမွေးနေ့လက်ဆောင်များကိုကြည့်၍သူ့ထက်ငါသာသည်ဟုငြင်းခုံကာကလေးများသဖွယ်ရန်ဖြစ်နေကြသည်။ စိုင်းညီနှင့်နိုင်းကတော့ရှိုင်းထက်ယံကိုစနောက်ရင်းအလုပ်ရှုပ်နေကြလေသည်။ ညလေးကသာယာသလိုသူတို့အားလုံးလည်းစိတ်လက်ကြည်ကြည်သာသာရှိလျက်ပင်။

ကိတ်ခွဲပြီးသည့်အချိန်တွင်လည်းဟန်မေမူယာကမိဘနှစ်ပါးကိုအရင်ခွံ့ပြီးနောက်မောင်ဖြစ်သူကိုအရင်ခွံ့လိုက်သဖြင့်သူရနိုင်မှာမျက်စောင်းတထိုးထိုးဖြင့်စိတ်ဆိုးတော်မူလေသည်။

ဤသည်ကိုဟန်မင်းစေရာကလည်းမီးလောင်ရာလေပင့်သလိုစနောက်လိုက်သေးသည်။ထိုအခါသူရနိုင်မှာဟန်မင်းစေရာ၏နားနားသို့ကပ်၍တိတ်တိတ်ဆဲရေးသည်။ ဟန်မင်းစေရာကတော့သူရနိုင်၏အမူအရာကိုကြည့်၍ရွှင်မြူးလျက် ရှိသည်။

အသက်တွေကြီးလာသော်လည်းအားလုံးဆုံတွေ့ချိန်ဟာတကယ်ကိုလွတ်လွတ်လပ်လပ်ရှိသဖြင့်အရင်တစ်ခါကအချိန်များကိုပြန်ရောက်သွားသလိုပင်။တစ်ယောက်ကိုတစ်ယောက်စကြနောက်ကြနှင့်ထိုတဒင်္ဂလေးတွင်သူတို့အားလုံးလူငယ်လေးများဖြစ်သွားသလိုထင်မှတ်မိလိုက်ကြသည်။

“နေဦး အရေးကြီးတာကိုပြောမလို့ မင်းတို့လုပ်တာနဲ့ကြာသွားပြီ”

သူရနိုင်ဟာအလွန်အမင်းပြောပြချင်စိတ်ကိုမြိုသိပ်ထားရသည်မှာကြာပြီဟူသောအမူအရာဖြင့်ပြောလာသောအခါအားလုံး၏အာရုံကသူရနိုင်ထံသို့ရောက်သွားရသည်။

I Found My Prince Charming [Season-1]Wo Geschichten leben. Entdecke jetzt