Ep-19

7.3K 708 16
                                    

Unicode Version

ဟန်မင်းစေရာမှာအတန်းချိန်တစ်လျှောက်လုံးတွင် ဒေါသစိတ်မပြေနိုင်ဘဲရှိရာ သူ၏ဘေးတွင်ထိုင်သော သူငယ်ချင်းတစ်ယောက်က တစ်ချိန်လုံးစိတ်လျှော့ဖို့သတိပေးနေရသည်။

သူလည်း စာထဲသို့စိတ်နှစ်လိုက်သည့်အခါမှသာ ခေါင်းထဲရှိအတွေးများလျော့ပါးသွားသလို ခံစားလိုက်ရသည်။

အာရုံကအလုပ်တစ်ခုတည်းတွင်သာ တစိုက်မတ်မတ်တည်နေသည်ဖြစ်ရာ အချိန်ကုန်လို့ကုန်သွားမှန်းပင် မသိလိုက်ပေ။ ဆရာက သူ့ပစ္စည်းများကိုသိမ်းပြီး ထွက်သွားလေသောအခါ နောက်လာမည့်Practicalအချိန်အတွက် ပြင်ဆင်ရပြန်သည်။

ဟန်မင်းစေရာလည်း သူ့နေရာရှိစာအုပ်များကိုကောက်သိမ်းကာ Labခန်းဆီသို့ တစ်ယောက်တည်းထွက်လာလိုက်သည်။

Labခန်းထဲမှာလူစုံပြီဆိုမှသာ ဆရာမကလည်း သူ(မ)၏သင်ခန်းစာ
ကို စတင်သည်။

ရှည်လျားလှသောpracticalချိန် ပြီးစီးသွားသည့်အခါမှာတော့ ဆရာမက အားလုံးကို assignmentတစ်ခုအိမ်စာပေးလိုက်ပြီးနောက်တစ်ပတ် ဤအချိန်မှာပင်အပ်ရန် သတိပေးသည်။

ဟန်မင်းစေရာလည်း ပစ္စည်းများသိမ်းဆည်းပြီး အခန်းထဲမှတစ်ယောက်တည်းထွက်လာခဲ့သည်။

နေ့လယ်စာစားချိန်ရောက်ပြီမို့ ရှိုင်းထက်ယံဆီကိုမသွားခင် ကန်တင်းက နေ့လယ်စာဝယ်ခဲ့ရန်စိတ်ကူးရင်း ကန်တင်းဘက်ကိုဦးတည်လိုက်သည်။

ရှိုင်းထက်ယံ ဘာစားချင်သလဲဆိုသည်ကို မသိရသဖြင့် လှမ်းမေးရန်အတွက် ဖုန်းခေါ်ပါသော်လည်း မကိုင်ပေ။

ပထမတစ်ခေါက်ဖုန်းခေါ်ချိန် မကိုင်သဖြင့် နောက်တစ်ခါထပ်၍ ဖုန်းခေါ်ပြန်တော့လည်း မကိုင်။ ကန်တင်းကိုသွားမည့် ဟန်မင်းစေရာ၏ခြေလှမ်းများလည်း ချက်ချင်းတွန့်ဆုတ်သွားပြီး အဆောင်ဘက်ကိုသာ ဦးလှည့်လိုက်ရတော့သည်။

အဆောင်ထဲကိုရောက်သောအခါ ကိုယ့်အခန်းကိုပင် အရင်မဝင်နိုင်သေးဘဲ ဒုတိယထပ်သို့တက်ကာ ရှိုင်းထက်ယံ၏အခန်းရှိရာဆီသို့ သွားလိုက်သည်။ အခန်းရှေ့ကိုရောက်သည့်အခါ တံခါးကိုအသာလေးခေါက်ကာ ခေါ်ကြည့်လိုက်သည်။

I Found My Prince Charming [Season-1]Where stories live. Discover now