Ep-26

7.3K 718 29
                                    

Unicode Version

ဟန်မင်းစေရာဟာ ရုတ်တရက်ငြိမ်ကျသွားသော ရှိုင်းထက်ယံကို ငေးကြည့်နေရင်း ထိုမျက်နှာထက်က နာကျင်မှုအတိုင်းအတာကို မှန်းဆနေမိသည်။

ဘဝတွေဟာ သိပ်ကိုကြမ်းတမ်းလိုက်လေခြင်း။

ရှိုင်းထက်ယံ၏မျက်ဝန်းထဲမှ စီးကျလာသောမျက်ရည်များဟာ ပါးပြင်ထက်တွင် တသွင်သွင်စီးဆင်းနေပြီး အိပ်ရာခင်းကိုပါ စိုစွတ်စေခဲ့သည်။

ရှိုင်းထက်ယံသည် မျက်နှာကြက်ကိုငေးကြည့်ရင်း လှဲနေရာမှ ဟန်မင်းစေရာဘက်သို့ ကိုယ်ကိုစောင်းလာသဖြင့် နှစ်ယောက်သားမှာ အိပ်ရာထက်တွင် မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားရပြန်သည်။

ရှိုင်းထက်ယံက သူ၏ညာဘက်လက်ကို ရုတ်တရက်ဆွဲယူလိုက်လေသောအခါ ဟန်မင်းစေရာမှာ အံ့သြမှုကြောင့်အကြောင်သားငေးကြည့်နေမိသည်။

"ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ။ အခုကြည့်.. မင်းရဲ့လက်က ဒဏ်ရာကတော်တော်ကိုကြီးတာပဲ။ အဲဒီ့နေ့က ဆေးလည်းမထည့်ဘူးမလား"

စာကြည့်တိုက်ထဲတွင်ရှိစဥ်က နံရံကိုလက်သီးဖြင့်ထိုးမိသည့်ဒဏ်ကြောင့် ကျန်ခဲ့သောဟန်မင်းစေရာ၏အနာကိုကြည့်ကာ ရှိုင်းထက်ယံက မကျေမနပ်ရေရွတ်လာပြီးနောက် ဟန်မင်းစေရာ၏လက်ကို သူ၏လက်နှစ်ဖက်ဖြင့် ဖွဖွဆုပ်ကိုင်ထားရင်းထပ်ပြောလာသည်။

"ဟိုတုန်းကရော အခုရော ငါ့အတွက်နဲ့ ဘာလို့အဓိပ္ပါယ်မရှိတဲ့ပေးဆပ်မှုမျိုးတွေလုပ်ကြတာလဲ။ အရင်တုန်းကတော့ မေမေ.. အခုကျတော့ မင်း။ မေမေဆိုပိုဆိုးတယ်။ ငါ့အတွက် စာတစ်စောင်ပဲချန်ခဲ့ပြီးထားခဲ့တာ။ သူ့ရဲ့လက်မှာသွေးအစွန်းခံပြီး ငါ့ကိုနောက်ဆုံးထိကာကွယ်သွားရှာတာ"

မေးဖျားလေး တဆတ်ဆတ်တုန်တက်လာသည်အထိ ငိုချင်စိတ်ကိုထိန်းထားနေရှာသော ချစ်ရသူကိုကြည့်ရင်း ဟန်မင်းစေရာလည်း တိတ်တဆိတ်ရင်ကွဲရပြန်သည်။

"အခုလည်း နောက်တစ်ယောက်ထပ်ပေါ်လာပြန်ပြီ။ မင်းရော ငါ့အနားက ဘယ်လိုပုံစံနဲ့ထွက်သွားဦးမှာလဲ"

တုန်ရီနေသောလက်ဖြင့်ကျဆင်းလာသောမျက်ရည်ကို အကြမ်းပတမ်းဆွဲသုတ်နေရှာသော ရှိုင်းထက်ယံကို သူကလည်း နောက်တစ်ကြိမ် ရင်ခွင်ထဲဆွဲသွင်းကာ နှစ်သိမ့်မိပြန်ပါသည်။ ပြိုလဲနေချိန်တွင် နွေးထွေးမှုပေးသောအရာကို တောင့်တကြသည်မှာ လူတိုင်း၏သဘာဝပင်မဟုတ်လား။

I Found My Prince Charming [Season-1]Where stories live. Discover now