Unicode Version
ညဘက်တွင် အားလုံး ရှိုင်းထက်ယံ၏နေရာတွင်ဆုံကြရန် စီစဥ်ထားသဖြင့် ရှိုင်းထက်ယံမှာ တစ်ယောက်တည်း ညစာပြင်ဆင်ထားရသည်။ သူငယ်ချင်းဖြစ်သူများအား မိမိ၏လက်ရာကိုအကောင်းဆုံးမြည်းစမ်းခွင့်ပေးမည်ဟု စိတ်ဆုံးဖြတ်ကာ ဂရုတစိုက်ချက်ပြုတ်နေသည်။
အားလုံးပြင်ဆင်၍ပြီးစီးသွားပြီဆိုမှ ရှိုင်းထက်ယံလည်း ရေချိုးခန်းဝင်နိုင်တော့သည်။ ချက်ပြုတ်နေရသဖြင့် အစားအစာအနံ့ပေါင်းစုံကလည်း ကိုယ်ပေါ်တွင်စွဲကျန်နေလေရာ အနည်းငယ်ကြာသည်အထိရေချိုးသန့်စင်လိုက်ရသည်။
ထို့နောက် သူရနိုင်ထံသို့ဖုန်းဆက်ကြည့်သောအခါ သူတို့အားလုံးလာနေကြပြီဟု ပြောသဖြင့် ဘာမှထပ်၍အထွန့်မတက်တော့ဘဲ တီဗီကြည့်၍သာစောင့်နေလိုက်သည်။
တီဗီဖွင့်၍ တစ်လိုင်းပြီးတစ်လိုင်းပြောင်းနေခိုက် ဖုန်းက မက်ဆေ့ချ်ဝင်လာသဖြင့်ကြည့်မိသောအခါ ဟန်မင်းစေရာ၏မက်ဆေ့ချ်ပင်။
"အဖေက ဒီနေ့အိမ်မှာအိပ်သွားပါလားလုပ်နေလို့မနည်းပြောယူလိုက်ရတယ်။ မောင် အခုပဲထွက်လာနေပြီနော်"
ဟန်မင်းစေရာမှာ အလုပ်စလုပ်ပါပြီဆိုကတည်းက မိဘနှင့်အတူမနေတော့ဘဲ သီးသန့်ခွဲနေရသည်ဖြစ်ရာ ဟန်မင်းစေရာကိုတွေ့ရန် မနည်းပင့်ယူနေရသောသူ၏ဖခင်မှာလည်းလွမ်းရှာမည်လေ။
ဟန်မင်းစေရာဟာ အသေးအဖွဲလေးကအစ သူ့အားအသိပေးနေသဖြင့် ရှိုင်းထက်ယံကလည်း ထိုအပြုအမူလေးကို အသည်းယားရပြန်သည်။
ထိုစဥ် တံခါးဘဲလ်သံကြားရသဖြင့် ထိုင်နေရာမှထကာ တံခါးသွားဖွင့်ပေးလိုက်သောအခါ သူရနိုင်ကိုထိပ်ဆုံးမှတွေ့လိုက်ရသည်။
"ဘယ်လိုလဲ။ ငါ့ကောင်ကြီး ပျင်းနေပြီလား"
"နည်းနည်းပေါ့ကွာ"
သူရနိုင်က အထဲသို့ဝင်သွားပြီးနောက် သူ့အနောက်မှအဂ္ဂက ကပ်လိုက်လာသည်။ ထို့နောက် စိုင်းညီနှင့်နိုင်းက အတွဲလိုက်ဝင်လာသည်။
"မတွေ့ရတာတော်တော်ကြာသွားပြီနော်။ စိုင်းဆီကသတင်းတွေကြားပြီးသွားပြီ။ Congratulationsပါ"
YOU ARE READING
I Found My Prince Charming [Season-1]