Unicode Version
"ဟဲ့.. ဒီနှစ်ရဲ့ Kingအလောင်းအလျာလေးကို မြင်ပြီးပြီလား။ ကြည့်ကောင်းလိုက်တာမှ"
"ဘယ်သူလဲဟ"
"ဇေယျာထက်ပိုင်တဲ့လေ"
မိန်းကလေးနှစ်ဦး၏အပြန်အလှန်စကားဝိုင်းတွင် ဒုတိယနှစ်ကကျောင်းသားတစ်ဦး၏အကြောင်းကို အသည်းအသန်ဆွေးနွေးနေကြသည်။
ထိုစဥ် နောက်ထပ်မိန်းကလေးသုံးယောက် ထပ်ရောက်လာကာ ထိုစကားဝိုင်းတွင်ဝင်ရောက်ဆွေးနွေးကြပြန်သည်။
"ဟဲ့ ဘယ်သူတွေဘယ်လောက်ချောချော.. ဟန်မင်းစေရာကိုမမှီဘူးဟ။ လုံးဝအပြတ်အသတ်သန့်တာဟာ။ ပြောတောင်မပြတတ်ဘူး"
"ဟုတ်တယ် ဟုတ်တယ်။ အဲ့ဒါ လူတိုင်းပြောနေကြတာ။ နှမြောစရာကောင်းတာက သူကဝင်အရွေးမခံဘူးတဲ့"
တစ်ဖန်ပြန်ရောက်လာသော ကျောင်းဖွင့်ရက်များဟာ ဟန်မင်းစေရာအဖို့ နေရကြပ်စေသောနေ့ရက်တို့ကို ဖန်တီးပေးလျက်ရှိသည်။
ဤကျောင်း၏ထုံးစံအရ ဒုတိယနှစ်ရောက်မှသာ King Queenရွေးချယ်မှုတွင် ပါဝင်နိုင်သည်ဖြစ်ရာ နှစ်တစ်နှစ်၏အစတွင် ဒုတိယနှစ်ကျောင်းသားကျောင်းသူများမှာ အာရုံအစိုက်ခံရဆုံးဖြစ်လေသည်။
မူလက ယောကျ်ားပီသမှုအပြည့်နှင့်ဟန်မင်းစေရာဟာ ဒုတိယနှစ်အရောက်တွင် ပို၍ကြည့်ကောင်းလာသေးသဖြင့် တော်တော်များများ၏အာရုံစိုက်မှုကို သိမ်းကြုံးယူထားသလိုဖြစ်သွားပြီး ရေပန်းစားသောကျောင်းသားတစ်ယောက်ဖြစ်လာလေသည်။
သို့သော် ဟန်မင်းစေရာကတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်အဖြစ်နှင့်ပင် ကျောင်းတွင်းလှုပ်ရှားမှုများကို စိတ်ကုန်နေပြီဖြစ်ရာ ထိုကဲ့သို့အတန်းချိန်များလစ်ဟင်းကာ စိတ်မောလူမောဖြစ်ရမည့်အနေအထားကို သိပ်သဘောမကျလှပေ။
ထို့ကြောင့်လည်း စီနီယာများက King selectionထဲသို့ ဝင်အရွေးခံရန်လာရောက်ကမ်းလှမ်းသည်ကိုပင် ပြတ်ပြတ်သားသားငြင်းခဲ့သည်။
ယခုလည်း အတန်းထဲမှအဆောင်ကိုပြန်သည့်လမ်းတွင် အချို့စီနီယာအစ်မကြီးများ၏ အကြည့်များအောက်တွင် အနေခက်ရပြန်သည်။
YOU ARE READING
I Found My Prince Charming [Season-1]