Memory 🐲💫🐼 Part 1

1K 18 0
                                    

[Zawgyi]
အပိုင်း (၁) Angel Fall on Land

" အိန်ဂျယ် Victory အား လူ့ပြည်သို့ ဆင်းသက်စေ..."

ဂျိန်း ဂျ လိန်း ⚡⚡⚡

လျှပ်စီးဖျက်ကနဲ လက်သွားပြီး မိုးခြိမ်းသံကျယ်ကျယ်နှင့်အတူ မိုးရေများ တရဟော ကျဆင်းလာတော့သည်...။

🐼 🐼 🐼 🐼

မိုးများစဲလာပြီ ဖြစ်သော်လည်း မိုးစက်မိုးပေါက်များကျဆင်းနေသေးသောကြောင့် လျှာထိုးဦးထုပ်ကို ညာလက်ဖြင့် တင်းတင်းဆုပ်ကိုင်ရင်း မိုးခိုနေသော Bus stopအတွင်းမှ Jiyong ထွက်ခွာလာခဲ့လိုက်သည်။

ထိုစဉ် ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းမြည်သံကြောင့် ကျန်လက်တဖက်ဖြင့် ဖုန်းကိုဖွင့်ကိုင်လိုက်သည်...

" Hello Top hyun"

" Jiyong မင်းအခု ဘယ်ရောက်နေတာလဲ"

" နေ့လည်စာ သွားဝယ်နေတာ ...မှာချင်တာရှိသေးလို့လား Hyun ?"

" ဘာမှမမှာဘူး Jiyong ... မင်းရဲ့ သူငယ်ချင်းနံမည်က Lee Seungri မဟုတ်လား"

" ဟုတ်တယ် Hyun...ဘာဖြစ်လို့လဲဗျ ?"

" အခုပဲ ရဲစခန်းက ရင်ခွဲရုံကို အသတ်ခံရတယ်လို့ ယူဆရတဲ့ အလောင်းတစ်လောင်း ရောက်လာလို့ ... သေဆုံးသူရဲ့ ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်မှာ Lee Seungri ဆိုတဲ့နံမည်ဖတ်မိတော့ မဟုတ်မှလွဲရော မင်းသူငယ်ချင်းဖြစ်နေမလားလို့ တွေးမိလို့်. .."

"ဗျာ... ကျွန်တော်အခုပဲ ချက်ချင်းလာခဲ့မယ် Hyun"

Jiyong ဖုန်းကို ချက်ချင်းချလိုက်ပြီး ထမင်းဆိုင်သို့ လှမ်းရန်ပြင်နေသော ခြေလှမ်းတို့ကို ဆိုလ်းရဲစခန်းဆီသို့ ဦးတည်ရင်း ပြေးလွှားလိုက်သည်။

မှန်တံခါးကို တွန်းဖွင့်ရင်း Jiyong စိတ်ထဲမှ သေဆုံးသူမှာ မိမိ ရင်းနှီးသိကျွမ်းသော Seungri မဟုတ်စေရန် ဆုတောင်းလျက်...

" Top hyun... ဘယ်မှာလဲ ကျွန်တော့်ကို မှတ်ပုံတင်ပြပါဦး"

ဆေးစစ်မှူး Top က Jiyong ဆီသို့် သွေးစွန်းထင်းနေသော မှတ်ပုံတင်ကို ကမ်းပေးလိုက်ရင်း...

" ရော့ ဒီမှာ Jiyong... မင်းသူငယ်ချင်း မဟုတ်ဘူးမလား." ဟုဆိုသည်။

Memory 🐲💫🐼 (Completed) Zawgyi & UnicodeWo Geschichten leben. Entdecke jetzt