Memory 🐲💫🐼 Part 23

129 12 0
                                    

[Zawgyi]
အပိုင်း (23) Change

" ကြိုဆိုပါတယ် ဘိုကင်ယူထားလား လူကြီးမင်း..."

" Kwon Jiyong နံမည်နဲ့ ဘိုကင်ယူထားတယ်" ဟု Jiyong ဆိုရင်း ဆိုင်အပေါ်ထပ်ရှိ စားပွဲဝိုင်းများဆီသို့ လှေကားမှတစ်ဆင့် တက်သွားသော Lee Jae Hook ဧ။် ဇနီးဖြစ်သူ Park Shin Hwa ထံ မျက်ခြေမပြတ်လှမ်းကြည့်မိလိုက်သည်။

ထို့နောက် စားပွဲထိုးဝန်ထမ်း လိုက်ပို့ပေးသော နေရာ၌ Jiyong ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်မှ စားပွဲတွင် နေ့လည်စာ Menuကို ဖတ်ရှုနေသည့် သတင်းကြေညာသူ အမျိုးသမီးကို အကဲခတ်နေလိုက်သည်။

ထိုင်စရာ စားပွဲအတွက် ခက်ခက်ခဲခဲ ဘိုကင်ယူရသော နံမည်ကြီး စားသောက်ဆိုင် ဖြစ်သဖြင့် လာရောက်စားသုံးများမှာ အထက်တန်းလွှာသို့မဟုတ် နံမည်ကြီး အသိုင်းအဝိုင်းမှ သူများဖြစ်ကြလေသည်။

မိမိဝတ်ဆင်ထားသော ခပ်မှိန်မှိန်ဝတ်စုံက အခြားစားသုံးသူများကြားတွင် သတိထားမိစေသည့်အရာ ဖြစ်သကဲ့သို့ ကျန်စားပွဲဝိုင်းများက တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်ကိုပင် Jiyong ဂရုမစိုက်အားပေ။

ကားဆရာပြောခဲ့သလိုပင် Park Shin Hwa ဧ။် မျက်နှာတွင် ဟန်ဆောင်အပြုံးများ ဖုံးအုပ်ထားသော်လည်း သူမဧ။် ပင်ကိုယ်စရိုက်ဖြစ်သော ခပ်စွာစွာပုံစံက Menu ကိုကြည့်လျက် ဟင်းပွဲများ မှာယူနေသော စကားသံတို့၌ အထင်သား မြင်တွေ့ရလေသည်။

Jiyong လည်း ဈေးအသက်သာဆုံးဟုထင်ရသော ဟင်းပွဲအချို့ကို မှာယူကာ မိမိလက်ထဲမှ Seungriဧ။် ဖုန်းကို ဖျစ်ညစ် ဆုပ်ကိုင်ထားမိသည်။

စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်လိုက်ပြီးနောက် လက်ထဲမှ Seungri ဧ။် ဖုန်းကို ဖွင့်ကာ Jiyong ထံ မနက်က ကားဆရာ ပို့ပေးထားသော ဖုန်းနံပတ်တစ်ခုဆီသို့ စာတိုတစ်စောင် လှမ်းပို့လိုက်သည်။

Sms ရောက်ရှိလာလေတော့ vibration တုန်ခါမှုကြောင့် Park Shin Hwa က သူမဧ။် ဖုန်းကို ဖွင့်ကာ စာဖတ်လိုက်သည်။

ရုတ်ချည်း အမူအရာပျက်ယွင်းသွားလေသော ထိုအမျိုးသမီးကို Jiyong ဆက်လက်အကဲခတ်ရင်း စာတစ်စောင်ထပ်မံ ပို့လိုက်သည်။

Memory 🐲💫🐼 (Completed) Zawgyi & UnicodeМесто, где живут истории. Откройте их для себя