အပိုင်း (10) V.I.P
Jiyong ဧ။် ဘယ်ဘက်လက်မောင်းနာကျင်မှုကြောင့် ရုတ်တရက်နှိုးလာလေသည်။ မျက်လုံးအား ညာလက်ဖြင့် ပွတ်ကာ ဖွင့်ကြည့်လိုက်တော့ မိမိဧ။် လက်မောင်းပေါ်တွင် ခေါင်းအုံးလျက် Jiyongနှင့် ထိကပ်စွာ လှဲလျောင်းအိပ်စက်နေသော Victoryကို တွေ့ရလေဧ။်။ နံရံမှ နာရီကိုလှမ်းကြည့်မိတော့ ညနေ ၄နာရီထိုးကျော်နေပြီ ဖြစ်သည်။
: ဒီအချိန်တောင်ရောက်နေပြီလား... ငါ တော်တော်ကြာကြာ အိပ်ပျော်သွားတာပဲ:
မိမိနှင့် မျက်နှာချင်းဆိုင်တွင် ခွေခွေလေးအိပ်ပျော်နေသည့် Victory ဧ။်မျက်နှာလေးကို တမိန်းတမော ငေးကြည့်နေလိုက်သည်။ ယောက်ျားလေးတစ်ယောက်မှာ တွေ့မြင်ရခဲသော ဆံနွယ်ပါးပါးမျှင်မျှင်လေးတွေက ငွေမှင်ရောင် တောက်ပနေဧ။်။ အိပ်နေစဉ် မျက်နှာ လှုပ်ရှားမှုကြောင့် အကြောလေးများ ပေါ်ပေါ်လာသည့် နဖူးပြင်လေး၊ မျက်တောင် တိုတိုစိတ်စိတ်ကလေးများ ၊ ထိပ်ဖျားအနည်းငယ်လုံးနေသော နှာတံထင်းထင်းလေး၊ ဘယ်အချိန်ကြည့်ကြည့် ပါးလွှာပြီး နမ်းချင်စဖွယ်ကောင်းသော ပန်းနုရောင်နှုတ်ခမ်းလွှာ၊ ဖောင်းအိအိပါးပြင် နှစ်ဖက်က Victory ဧ။် ရင်ခုန်စရာကောင်းသော အလှတရားများပင်။ Jiyong သူ့အား တစ်ဝကြီး ငေးကြည့်နေမိတော့ လက်ကျင်နေသည်ကိုပင် မေ့လျော့လို့ သွားလေသည်။
Jiyong ကြည့်နေစဉ်မှာပင် Victoryက မျက်လုံးအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နှိုးလာလေဧ။်။
မိမိအား စိုက်ကြည့်နေသော Jiyongဧ။် အကြည့်စူးစူးကြောင့် Victory ပါးပြင်လေးများ ရဲတက်လာရင်း...
" အဲလောက်ထိ ကြည့်ဖို့လို လို့လား..."
" ဒိထက်တောင် ပိုကြည့်ချင်နေသေးတာ... " ဟု Jiyong က လေသံပျော့ပျော့ဖြင့် ပြန်ဖြေလေတော့... Victoryပို၍ပင် ရင်ခုန်သံမြန်လာလေသည်။ နှစ်လိုဖွယ်အပြုံးဖြင့် Jiyongကို ပြုံးပြလိုက်ရင်း...
" ငါ့ကို သဘောကျလား... Kwon Jiyong..."
" အင်း... ကိုယ် မင်းကို သဘောကျတယ်..."
" သဘောကျရုံပဲလား... ငါ့ကိုချစ်ရော ချစ်လားဟင်..."
" သဘောကျတာထက်ပိုတယ်... "