[Zawgyi]
အပိုင်း (4) Witnessမိုးကောင်းကင်ထက်ရှိ တိမ်စိုင်များ ညိုမှိုင်းအုံ့ဆိုင်းနေလေပြီ။ မကြာခင် မိုးများ သည်းသည်းမည်းမည်းရွာသွန်းတော့မည်ဟု Dae Saung တွေးမိလိုက်သည်။ အလွမ်းအဆွေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Bigbang Kpop အဖွဲ့ဧ။် Lies သီချင်းကို အသံချဲ့နားထောင်လိုက်ရင်း ကားရှင်းနေသော High Way ကားလမ်းမထက် စိတ်ကြိုက်မောင်းနှင်နေလေသည်။
ဆိုလ်းမြို့တွင် Dae Saung ဖွင့်ထားသော ကြက်ကြော်ဆိုင်လေးမှာ ယခုဆို အတော်အသင့် ရောင်းကောင်းသော အခြေအနေဖြစ်နေလေပြီ။ (၃)နှစ်ကျော်အထိ ကြက်ကြော်အရသာ အရည်အသွေးကို ထိန်းထားနိုင်မှုနှင့် ကိုယ်ပိုင် အချဉ်ရည်စပ်နည်းတို့်ကြောင့် ပုံမှန်စားသုံးသူများအပြင် ဝေးလံသော နေရာများကပင် လာရောက်အားပေးသူများနှင့် ပြည့်နှက်လာဧ။်။ Dae Saung သီချင်းညည်းလျက် ကားလမ်းမ အကွေ့အားကျွမ်းကျင်ပိုင်နိုင်စွာ ချိုးကွေ့လိုက်သည်။
မျက်စိရှေ့တွင် ရုတ်တရက်မြင်တွေ့လိုက်သော အခြေအနေကြောင့် Dae Saung ကားဘရိတ်ကို ရုတ်ချင်းအုပ်လိုက်ဧ။်
ကျွီ......
အရှေ့ မလှမ်းမကမ်း၌ ကားအနက်ရောင် တစ်စီးက ကားလမ်းမအလယ်တွင် ကန့်လန့်ဖြတ်ထိုးရပ်ထားသည်။ ထိုကားဘေးတွင်တော့ နီညိုရောင်ကုတ်အကျီဝတ်ဆင်ထားသောလူတစ်ဦးက ကျောပေးရပ်နေပြီး ရှေ့မှ တစ်စုံတစ်ခုအား စီးမိုးကြည့်နေဟန်ပေါ်တယ်။ ကားလမ်းပိတ်ဆို့ထားသော အခြေအနေကြောင့် Dae Saung ကားဟွန်းတီးရန် ကြံရွယ်လိုက်သည်။ သို့သော် ရှေ့မှ နီညိုရောင်ကုတ်အကျီနှင့်လူက ဘေးသို့အနည်းငယ် ကိုယ်ယိမ်းလိုက်တော့ မြက်ခင်းပြင်ထက်တွင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ထိုင်ရက်လဲကျနေသော လူရွယ်ဧ။် မျက်နှာကို Dae Saungမြင်တွေ့လိုက်သည်။ ထိုအခါမှ မိမိရှေ့မှ အခြေအနေကို နားလည်သွားပြီး Dae Saung ယခုအနေအထားကို လျစ်လျူရှု၍ လွတ်နေသောနေရာမှ ကားဆက်မောင်းသွားသင့်လား ... သို့မဟုတ် မိမိဝင်ပါရမလားဟု စဉ်းစားလိုက်မိသည်။
အချင်းချင်း စကားများရန်ဖြစ်တာလည်း ဖြစ်နိုင်ပါသည်ဟု ခပ်ပေါ့ပေါ့အတွေးက ခေါင်းထဲဝင်လာတော့...