[Zawgyi]
Memory 🐉💫🐼အပိုင်း (31) Decision
အမှောင်ထုထည်အားပြင်းစွာ ကြီးစိုးနေလေသည့် မှောင်မိုက်သော လှိုဏ်ခေါင်းရှည်ကြီးကို Victory ဖြတ်သန်းနေမိစဉ်...
အေးမြလတ်ဆတ်သောလေထုဧ။် အထိအတွေ့၊ အရောင်ကာလာများခြယ်သထားသော ကမ္ဘာမြေဧ။် အလှပန်းချီကားချပ်၊ သက်ဝင်လှုပ်ရှားနေသော သံစဉ်၊ ထိုအရာများက Victory အား သက်ရှိလောကဆီသို့ ဦးတည်ခေါ်ဆောင်လာလေတော့...
Victoryတယောက် မိမိခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ် ပြန်လည်ဝင်ရောက်သွားမိပြီး မျက်လုံးတို့အား အသာအယာဖွင့်မိလိုက်သည်။
မိမိရှာနေသောမျက်နှာတစ်ခုကို မမြင်တွေ့ရသေးသဖြင့် ကိုက်ခဲလေးလံနေသောဦးခေါင်းကို အားထည့်ရင်း ဘေးသို့အနည်းငယ် စောင်းကာ ရှာဖွေကြည့်မိတော့ မျက်ဝန်းအိမ်ထောင့်မှ မြင်တွေ့လိုက်ရသော ပုံရိပ်ကြောင့် အပေါ်နှုတ်ခမ်းသားလေး ကွေးရုံမျှ ပြုံးမိပါတော့သည်။
မိမိအား ထပ်မံ ဆုံးရှုံးရမည်ကို ထိတ်လန့်နေသော စိုးရိမ်တကြီးဖြင့် ကြည့်နေရှာသည့် ချစ်ရသူ။
Victoryဧ။် အကြည့်တစ်ချက်နှင့် ဆုံမိလေတော့ တောက်ပသွားသော သူ့အပြုံးများကြောင့် Victory နှလုံးခုန်နှုန်းများ ပိုမြင့်တက်လာမိကာ စမ်းသပ်နေသော ဆရာဝန်ကြီးပင် တအံတသြဖြင့်။
ခွဲခွာနေခဲ့ရသည်မှာ အချိန်အတော်ပင် ကြာမြင့်သွားလေသည့်အလား Jiyongမှာ Victory ဧ။် ဘေးတွင်ထိုင်ရင်း တစိမ့်စိမ့်ကြည့်နေလေသဖြင့် Victoryက ...
" Oppa အဲလောက်ကြီး စိုက်ကြည့်နေတော့ ရှက်တောင်ရှက်လာပြီ..."
Jiyong က Victoryဧ။် လက်ဖဝါးလေးကို အသာဆွဲကိုင်ရင်း သူ့နှုတ်ခမ်းဖျားဖြင့် ဖိကပ်နမ်းရှိုက်လျက်...
" ကိုယ်အရမ်းလွမ်းနေတာ... ကိုယ့်ကြောင့် ထိခိုက်သွားမိစေလို့ ကိုယ်တကယ် ခံစားရတယ်..."
မျက်ရည်များ ဝဲတက်ကာ သူ့ခံစားချက်ကို ထုတ်ဖော်ပြောပြနေသော Jiyong အား Victoryက...
" Jiyong... ငါ့မျက်လုံးကို ကြည့်လိုက်... ငါ့အကြည့်ထဲမှာ မင်းကို စိတ်ဆိုးပြီး အပြစ်တင်မိတဲ့ အရိပ်အယောင် တစိုးတစိမျှတောင် မရှိပါဘူး... မင်းတစ်ခုခုဖြစ်သွားမှာထက် ပိုစိုးရိမ်တဲ့အရာ ငါ့မှာမရှိဘူး... ငါ့အသက်ထက် Jiyong မင်းကပိုအရေးကြီးတယ်..."