[Zawgyi]
အပိုင်း (12) Sunsetမှန်ပြတင်းမှတဆင့် ဖြာကျလာသော နေမင်းဧ။် အလင်းရောင်ကြောင့် Jiyong အကျောဆန့်လိုက်ပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။ မိမိဧ။် လှုပ်ရှားမှုကြောင့် ရင်ခွင်ထဲ၌ ခွေခွေလေး အိပ်ပျော်နေသော Victoryက နှိုးသွားကာ Jiyong ကိုမော့ကြည့်လိုက်ရင်း...
" Good Morning Jiyong..." ဟု ချစ်စဖွယ် အသံလေးဖြင့်ဆိုလေဧ။်။
" Morning ပါ Victory..." ဟုဆိုလိုက်ပြီး သူဧ။် ငွေရောင် ဆံပင်နုနုကလေးများကို ငုံ့နမ်းလိုက်တော့ Victory မခို့တရို့လေး ပြုံးလိုက်ဧ။်။
" မနက်ရောက်တာ မြန်လိုက်တာ... မင်းက အလုပ်သွားရတော့မယ်နော်..." ဟု Victory ဆိုကာ Jiyongဧ။် အကျီကြယ်သီးလေးကို ကိုင်လျက် ကစားနေလေသည်။
Jiyong က Victory ဧ။် မျက်နှာအား သူ့အနားသို့ဆွဲကပ်လိုက်ရင်း...
" ဘာလဲ ကိုယ့်ကို အလုပ်မသွားစေချင်ဘူးလား..."
" ဟီး... အမှန်အတိုင်းပြောရရင် ... ညကမှ ချစ်သူ ပူပူနွေးနွေးလေးဖြစ်တာလေ... အခုပဲ ခွဲရတော့မယ်... "
" ကိုယ် ခွင့်ယူလိုက်ရမလား..."
" မဟုတ်တာ မင်းအလုပ်ပြုတ်နေပါဦးမယ်... ငါ ဒီအတိုင်းပဲ မင်းနဲ့ မခွဲချင်ရုံလေးပါ..."
" ဒါဆို...ကိုယ် ဒီနေ့ အိမ်စောစောပြန်ခဲ့မယ်... ပြီးရင် ဟန်မြစ်ကမ်းနားမှာ Date ကြရအောင် အိုကေလား..."
" တကယ်လား Jiyong... ဒါဆိုမြန်မြန်ပြန်လာနော် "
" အင်း... ကိုယ် စောနိုင်သမျှ အစောဆုံးပြန်လာခဲ့မယ်..." ဟုဆိုရင်း Victoryဧ။် နဖူးလေးကို အကြင်နာပေးလိုက်ဧ။်။
Jiyong ပေးသော အကြင်နာ အနမ်းပွင့်ကို ခံယူရင်း Victory က...
" နေ့တိုင်း အခုလိုပဲ အတူနှိုးထချင်တယ်... Jiyong "
" မင်းဆန္ဒနဲ့ထပ်တူပါပဲ... ကိုယ်တို့ နေ့ရက်တိုင်း အတူရှိနေကြမယ်နော်..."
" မင်းကို အရမ်းချစ်တာပဲ Kwon Jiyong..." ဟုဆိုကာ Jiyong အား တင်းတင်းကြပ်ကြပ် ဖက်ထားလေတော့ Jiyong တယောက် Victory အနားမှ ခွဲခွာကာ အလုပ်သွားရမည့် အချိန်တွေကို အမှန်တကယ် နှမြောလို့နေလေတော့သည်။