Memory 🐲💫🐼 Part 7

163 9 0
                                    

[Zawgyi]
အပိုင်း (7) Dream

" Good Morning ... Jiyong" ဟု ချစ်စဖွယ် အပြုံးချိုချိုဖြင့် လှမ်းနှုတ်ဆက်လေတော့ အိပ်ခန်းတံခါးဝမှ Jiyong ခြေလှမ်းတို့ရပ်တန့်သွားရသည်။

ညက မိမိလုပ်ထားသော အပြစ်ကြောင့် Victoryဧ။် မျက်နှာကိုပင် စေ့စေ့ ပြန်မကြည့်ရဲပေ။ ခေါင်းဆတ်ကနဲ ညိတ်ပြလိုက်ပြီး...

" အော်... အင်း...  Morning" ဟု ခပ်မြန်မြန်ရေရွတ်ပြီးလျှင် ရေချိုးခန်းဆီသို့ ခပ်သွက်သွက် ဝင်ရောက်သွားလေတော့သည်။

🐼 🐼 🐼 🐼

" Victory မနက်စာရပြီ... လာစားဦး" ဟု Jiyong ဆိုလိုက်တော့ ဖုန်းဂိမ်းဆော့ရင်း အလုပ်ရှုပ်နေသော Victoryက...

" အိုကေ" ဟုဆိုကာ ထမင်းစားပွဲသို့ လာဝင်ထိုင်ဧ။်။

Jiyong ပြင်ပေးထားသော မနက်စာ ပေါင်မုန့်မီးကင်နှင့် နွားနို့အား မြိန်ရေရှက်ရေ စားသောက်နေသော Victory မှာ အမှန်ပင် ချစ်စရာကောင်းလှဧ။်။

ချစ်စဖွယ် Victoryဧ။် မျက်နှာကို မသိမသာ ငမ်းနေရာမှ ပါးလုပ်ပလောင်း ဝါးစားနေသော ပန်းနုရောင် နှုတ်ခမ်းနှစ်လွှာဧ။် လှုပ်ရှားမှုထံ Jiyong အာရုံစိုက်မိသွားလေတော့ ညက အနမ်းကို ရုတ်တရက်ပြန်တွေးမိပြီး... မျက်နှာတစ်ခုလုံး ထူပူသွားရဧ။်။ Jiyong တယောက် မိမိရှေ့မှ နွားနို့ခွက်ကို လှမ်းယူ၍ အလျင်အမြန် မော့သောက်ချလိုက်လေသည်။

ဂလု... ဂလု...
အဟွတ်... အဟွတ်

ရှက်ကိုးရှက်ကန်းဖြင့် အလျှင်အမြန်သောက်လိုက်မိရာမှ သီးသွားသော Jiyong ကို Victoryက ထိုင်နေရာမှ ထကာ ကျောပြင်အား အသာအယာ လှမ်းပုတ်ပေးလိုက်ရင်း...

" နွားနို့ကို ဖြည်းဖြည်းသောက်မှပေါ့... မင်း ဗိုက်အရမ်းဆာနေရင်းလည်း ရော့ ငါ့ဆီက ယူလေ..."

မိမိဧ။် ကျောပြင်အား လာထိသဖြင့် Jiyong ပို၍ နေမထိထိုင်မသာ ဖြစ်သွားရပြီး Victory ဧ။် လက်ကို တွန်းဖယ်လိုက်မိသည်။

" ရပါတယ်... ငါအလျှင်လိုသွားလို့ပါ..."

" တချိန်လုံး ငါစားနေတာ ခိုးကြည့်နေပြီးတော့...  ငါ့ပေါင်မုန့်ကိုပါ စားချင်နေတာ မဟုတ်ဘူးလား" ဟု Victory က ဆိုလေတော့

Memory 🐲💫🐼 (Completed) Zawgyi & UnicodeHikayelerin yaşadığı yer. Şimdi keşfedin