[Zawgyi]
Memory 🐉💫🐼အပိုင်း (15) Hero
ကားမှန်ပေါ်သို့ အဆက်မပြတ် ကျဆင်းလာသော မိုးရေစက်များကို Wiper ဖြင့် ရှင်းလင်းပေးနေသည့်ကြားမှ ရှေ့က ကားအနက်ရောင်ကို လှမ်းကြည့်ရင်း ယခင်ကထက် အရှိန်မြှင့်ကာ ထပ်ကြပ်မကွာဖြင့်...
Jiyong မှာ စကားတစ်ခွန်းတလေမျှ မပြောပဲ ရှေ့မှကားအား မျက်ခြေမပျက်သွားရန် အာရုံစူးစိုက်လျက် အမြန်နှုန်းဖြင့်မောင်းနှင်နေလေတော့ ဘေးထိုင်ခုံတွင်ပါလာသော Topတယောက် ဘုရားတရင်း လိုက်ပါလာလေဧ။်။
Jiyongက ကားဟွန်းကို ကျယ်လောင်စွာ တီးလိုက်ရင်း...
" ဒီတခါတော့ မင်းမလွတ်စေရဘူး..." ဟု ဆိုလေဧ။်။
🐼🐼🐼🐼
လွန်ခဲ့သော နာရီဝက်ခန့်က...
" Jiyong မင်းစုံစမ်းခိုင်းထားတဲ့ ကားနံပတ်ရဲ့ တည်နေရာကို သိရပြီ..."
Top ဆီမှ ကြားလိုက်ရသော စကားကြောင့် Jiyong အလျင်အမြန်ပင် ကားသော့ကို ကောက်ယူကာ ...
" Hyung ... နေ့လည်စာစားချိန်ဆိုတော့ အခုပဲ သွားကြည့်ရအောင်..."
မိုးကောင်းကင်ရှိ မိုးတိမ်စိုင်များမှာ ညို့ မှိုင်းအုံ့ဆိုင်းနေလေသည်။ မကြာခင် မိုးရွာတော့မည့် အရိပ်အယောင် ပေါ်နေသဖြင့် Topက
" Jiyong ဖြစ်ပါ့မလား မိုးရွာတော့မယ်ထင်တယ်နော်..."
" ရွာတော့လည်း ရွာပါစေပေါ့ ... ကျွန်တော့်ရဲ့ ကားမောင်း Skill ကို မယုံကြည်လို့လား Hyung..."
" ယုံပါတယ်ကွာ ... မင်းအခုသွားချင်နေတာမလား ငါလိုက်ခဲ့မယ်" ဟုဆိုလေတော့မှ Jiyong မျက်နှာ ပြန်ရွှင်လန်းလာလေသည်။
Top ရရှိထားသော သတင်းအရ Lee Jae Hook စီးလာသော ကားဧ။် တည်နေရာသို့ Jiyong ဦးတည်မောင်းနှင်လိုက်သည်။
မကြာမှီ အချိန်မှာပင် Top ဆိုခဲ့လေသည့်အတိုင်း မိုးရေစက်များက မိုးကောင်းကင်မှ တစ်စက်ချင်း ပြိုဆင်းလာပြီး သည်းထန်စွာ ရွာသွန်းသော အဆင့်သို့ ရောက်ရှိလာလေတော့သည်။
အရှေ့မှ ကားက Jiyong နောက်ယောင်ခံလိုက်နေသည်ကို ရိပ်မိသဖြင့် အခြား ကားများကြားသို့ဝင်ကာ ကွေ့ပတ်မောင်းနှင်လေဧ။်။