Memory 🐲💫🐼 Part 21

157 10 0
                                    

[Zawgyi]
Memory 🐉💫🐼

အပိုင်း (21) Cute Boy

Victoryထံမှ အကြင်နာအနမ်းအား Jiyong ကျေကျေနပ်နပ်ကြီး ခံယူမိလေသည်။

တစ်ယောက်နှင့် တစ်ယောက်မျက်နှာချင်းဆိုင် ကြည့်မိကြတော့ အလိုလိုပြုံးမိလျက်ဖြင့်...

" ဘေဘီ...  အနားယူချင်ရင် ပြောနော် "

" အင်း ညစာစားတာများသွားလို့ထင်တယ်... မျက်လုံးကတဖြည်းဖြည်း မှေးလာပြီ...ဟီး"

ရယ်မောလျက် သူ့ဗိုက်လုံးလုံးကလေးကို အသာပွတ်ပြသည့် အပြုအမူက အသည်းယားဖွယ်ကောင်းနေပြန်သည်။

" ကိုယ်တော့ ရူးနေပြီ ထင်တယ်..."

" ဘာလို့လဲ နေမကောင်းဘူးလား Oppa" ဟု Victory က ဆိုရင်း သူ့လက်ဖြင့် Jiyong နဖူးကို စမ်းလိုက်တော့ Jiyongမှာ ထိုလက်အိအိလေးကို လှမ်းဆုပ်ကိုင်ရင်း...

" အဖျားရှိလို့ ရူးတာမဟုတ်ရပါဘူးဗျာ... ချစ်လို့ရူးနေမိတာ... ကိုယ့်ကို ရူးအောင်ပြုစားထားသလား အောက်မေ့ရတယ် ဘေဘီနဲ့ ပတ်သက်ရင် ကိုယ့်မျက်စိထဲ အမြဲ ချစ်စရာကောင်းနေလို့လေ..."

Jiyongဧ။် အပြောကို Victory သဘောကျစွာ ရယ်မောလိုက်ရင်း...

" မပြုစားထားပါဘူးနော် ... နေ့ရက်တွေတိုင်းမှာ  Kwon Jiyong မရှိရင် မနေတတ်အောင် သူ့ဘက်ကသာ လုပ်ထားတာ မဟုတ်ဖူးလား ..." ဟု အသံချိုချိုလေးဖြင့် ပြောနေလေတော့ Jiyong ရင်ခုန်သံတွေ မြန်လာရပြန်သည်။

Victoryက ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်၍ ထိုင်နေသေးသော Jiyongကို ငုံ့ကြည့်လျက်...

" လာလေ ကားပေါ်မှာ ပြန်အိပ်ကြမယ်..."

Jiyong သဲသောင်ပြင်ထက်မှ  ခပ်သွက်သွက် ထရပ်လိုက်ရင်း...

" ကိုယ်တစ်ယောက်တည်းဆို ကားပေါ်မှာ အိပ်လို့အဆင်ပြေပေမယ့် အခု ဘေဘီပါတော့ ကားထဲမှာ မအိပ်ခိုင်းရက်ပါဘူး... ကားကကျဉ်းတယ် ဘေဘီ အိပ်လို့မပျော်ပဲ နေဦးမယ်..."

Victoryက စူးစမ်းသော အမူအရာဖြင့် Jiyongကို စေ့စေ့ကြည့်လိုက်ပြီး...

" အိပ်မပျော်ဖြစ်နေမှာကို စိတ်ပူလို့ပြောတာရော ဟုတ်ရဲ့လား... အခြား အတွေးတွေရှိနေလို့များလား... ဆရာKwon..."

Memory 🐲💫🐼 (Completed) Zawgyi & UnicodeWhere stories live. Discover now