Memory 🐲💫🐼 Part 24

115 11 0
                                    

[Zawgyi]
Memory 🐉💫🐼

အပိုင်း (24) Sunshine

တံခါးဖွင့်သံနှင့်အတူ Jiyong အခန်းထဲဝင်လာလိုက်တော့ အေပရွန်ဝတ်စုံဖြင့် တမျိုးတမည် ချစ်စရာကောင်းနေသော Victory ကို မြင်တွေ့ရလေသည်။

တောက်ပသော အပြုံးပန်းတစ်ပွင့်က Victoryဧ။် မျက်နှာပေါ်တွင် ဆင်မြန်းလျက်...

" Oppa ပြန်လာပြီလား... ဒီမှာကြည့် " ဟု တက်တက်ကြွကြွ ဆိုရင်း ဟင်းရွက်သုပ်ပန်းကန်ကို လက်ဖဝါးပေါ်တင်ကာ ကျန်လက်တဖက်က ခါးကိုထောက်ကာဖြင့်။

အသည်းယားစဖွယ် အမူအရာကြောင့် Jiyong မပြေးရုံတမယ်ပင် Victory ထံသို့သွားလိုက်ပြီး သူ့အား ပွေ့ဖက်လိုက်သည်။

" ဟင်းပန်းကန်မှောက်ကျပါဦးမယ် Jiyongရယ်... ပန်းကန်လေး ချပါရစေဦး..."

Jiyong က Victory လက်ထဲမှ ဟင်းပန်းကန်ကို စားပွဲပေါ်လှမ်းတင်လိုက်ပြီးနောက် ထပ်မံ၍ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်လေပြီး...

" လွမ်းလိုက်တာ ကိုယ့်ဘေဘီလေး..." ဟုဆိုလေသည်။

Jiyong ကို တရိပ်တကြည့်ကြည့်နေခဲ့သော Victory မှာ Jiyong နှုတ်မှ စိတ်ပင်ပန်းစရာကိစ္စများ ရှိကြောင်းကို ထုတ်ဖော်မပြောပြပေမယ့် သူဧ။် ဝမ်းနည်းနေသော စိတ်ခံစားချက်ကို သတိထားမိသည့်အတွက်...

" Jiyong မင်းပင်ပန်းနေရင် ငါ့ကိုရင်ဖွင့်လို့ရတယ်နော်... မင်းမှာ ငါတစ်ယောက်လုံး ရှိပါတယ်..." ဟု ဆိုရင်း သူ့ဆံစလေးများကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

Jiyong က Victoryဧ။် ပခုံးထက်သို့ ခေါင်းမှီချလျက်...

" အခုလိုမျိုး ဖက်ထားချင်တယ်... ခဏလေးပါပဲ..."

" ခဏလေးမဟုတ်ဘူး... Oppa စိတ်ကျေနပ်တဲ့အထိ ဖက်ထားလို့ရပါတယ်နော်..." ဟု ကြင်နာစွာ တီးတိုးဆိုလိုက်သည်။

Victory ဧ။် နွေးထွေးသော စကားသံတို့ကြောင့် Jiyong ရင်ခုန်သံများပင် မြန်လာလေကာ...

" မင်း ကိုယ်လေးက နွေးထွေးလိုက်တာ ကလေးရယ်..."

🐼
🐼
🐼
🐼

Victory ကိုယ်တိုင်ပြင်ဆင်ပေးထားသော အသီးအရွက်သုပ်ကို Jiyong မြိန်ရေရှက်ရေ ခပ်စားလိုက်ရင်း...

Memory 🐲💫🐼 (Completed) Zawgyi & UnicodeWo Geschichten leben. Entdecke jetzt