[Zawgyi]
Memory 🐉💫🐼အပိုင်း (30) Chance
ကျေးငှက်သာရကာတို့ဧ။် တေးသီကျူးသံ၊ နေရောင်ခြည်နုနုလေးဧ။် အနွေးဓာတ်၊ သာယာသော ခေါင်းလောင်းသံလွင်လွင်။
Victory မျက်လုံးများကို အသာအယာဖွင့်ကြည့်လိုက်တော့ ငှက်မွှေးတောင်များသွတ်သွင်းထားလေသည့် နူးညံ့အိစက်သော ခေါင်းအုံးနှင့် ဖြူဖွေးသော ပိုးချည်မျှင်များဖြင့် သပ်ရပ်လှပစွာရက်လုပ်ထားသည့် အိပ်ရာခင်းထက်၌ မိမိမှာ သက်တောင့်သက်သာပင် လှဲလျောင်းအနားယူနေသည်ကို မြင်တွေ့ရဧ။်။
ရင်းနီးကျွမ်းဝင်နေသော ထိုအရာများကြောင့် Victory မှာ ကောင်းကင်ဘုံသို့ ပြန်ရောက်နေပြီလား တွေးထင်လိုက်မိသည်။
ပျော်ရွှင်ခြင်းနှင့် တက်ကြွမှုများရောယှက်နေသော ခံစားချက်ဖြင့် မျှော်စင်ပြတင်းပေါက်ဆီသို့ အလျင်အမြန် လျှောက်လှမ်းကာ အဝေးသို့ လှမ်းကြည့်မိလေတော့...
လတ်ဆတ်သော လေထုနှင့်အတူ တောက်ပသော မိုးပြာရောင် ကောင်းကင်ထက်၌ အတောင်ပံများ ရိုက်ခတ်ရင်း ပျံသန်းလွင့်မျောနေကြသည့် ကောင်းကန်တမန်တော်များကို တွေ့မြင်ရလေသည်။
မိမိဧ။် နောက်ကျောမှ ထူးဆန်းသောခံစားချက်ကြောင့် စောင်းငဲ့ကြည့်မိသောအခါ နှင်းပွင့်နှင်းစများကဲ့သို့ ဖြူဖွေးနေလေသည့် အတောင်ပံတစ်စုံက တလွင့်လွင့်ဖြင့် ပျံသန်းရန် အဆင်သင့်ဖြစ်နေလေသည့်နှယ်။
Victory ပျော်ရွှင်စွာ ပြုံးရယ်လိုက်ရင်း အတောင်ပံနှစ်ဖက်ကို တဖျက်ဖျက်ခတ်ကာ စတင်ပျံသန်းလိုက်တော့ လန်းဆန်းသော စိတ်ခံစားချက်တို့က ခန္ဓာကိုယ်အနှံပျံ့နှံသွားလေပြီး...
" ဒီခံစားချက်လေး... နေလို့ကောင်းလိုက်တာ..."
မိနစ်တော်တော်ကြာသည်အထိ ဦးတည်ရာမဲ့ ပျံသန်းရင်း လေဟုန်စီးနေမိစဉ် ရုတ်တရက်ကြီး အထီးကျန်ဆန်တဲ့ ခံစားချက်က ဝင်ရောက်လာလျက်...
" ငါ ဘာတွေကို လွမ်းမောနေမိတာလဲ..." ဟု Victory မိမိဘာသာ မေးခွန်းထုတ်မိလေသည်။
ထိုစဉ် မျက်ဝန်းထဲသို့ ရုတ်ချည်းပေါ်လာလေသည့် ပုံရိပ်တစ်ခုက ဝိုးတိုးဝါးတားအနေအထားမှ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့...