[Zawgyi]
Memory 🐉💫🐼အပိုင်း (14) Bad Boy
ညက အိပ်ရေးပျက်ထားသဖြင့် Jiyong အလုပ်သွားခါနီး အချိန်အထိ Victory အိပ်ယာထဲ၌ ခွေခွေလေး အိပ်ပျော်နေသေးသည်။
သူ့နဖူးလေးကို ညင်သာစွာ နှုတ်ဆက်အနမ်းပေးလိုက်ပြီး အခန်းထဲမှ ထွက်ခွာခဲ့လိုက်လေသည်။
Victoryအနားမှ ထွက်ခွာလာသည့်တိုင် သူဧ။် ကိုယ်သင်းရနံ့များက Jiyong အသက်ရှုသွင်းလေတိုင်း စွဲမက်ဖွယ်ကောင်းသော ရနံ့တို့ စွဲထင် လျက်ဖြင့်...
: နတ်သားတစ်ပါးဆီက ကိုယ်သင်းရနံ့က လူသားတွေကို စွဲလမ်းယစ်မူးစေနိုင်တာပဲ ..: ဟု တွေးတောလိုက်ပြီး အိပ်ခန်းထဲတွင် တယောက်တည်း ထားခဲ့ရသော Victoryကို လွမ်းမောနေမိပြန်ဧ။်။
🐼
🐼
🐼
🐼မနက်(၁၀)ထိုးလေတော့မှ Victory နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နှိုးလာလေသည်။ ညက နာကျင်ပင်ပန်းထားလေသဖြင့် ခပ်ဖြည်းဖြည်းသာ အိပ်ရာပေါ်မှာ ဆင်းလိုက်ပြီး မှန်ရှေ့သို့ ရပ်တန့်လိုက်ရင်း မိမိပုံရိပ်ကို ကြည့်ရှုလိုက်ဧ။်။
" မျက်တွင်းတွေ ချောင်ကျပြီး ညိုမဲနေပြီ... ငါ့မျက်နှာလှလှလေးတော့ ကြည့်ရဆိုးကုန်ပါပြီ...ခန္ဓာကိုယ်အနှံ့မှာလည်း... love markတွေ ပြည့်နေတာပဲ... Kwon Jiyong တကယ့် Bad Boyပဲ..." ဟု ခပ်တိုးတိုး ညည်းညှူလိုက်ပြီး မျက်နှာသစ်ရန် ရေချိုးခန်းဆီသို့ ဦးတည်လိုက်လေသည်။
ဗိုက်ဆာဆာဖြင့် ထမင်းစားပွဲအုပ်ဆောင်းကို လှန်ဖွင့်လိုက်တော့ မိမိအတွက် မနက်စာနှင့် နေ့လည်စာများကို ပန်းကန်သပ်သပ်စီ ခွဲကာ ပြင်ဆင်ထားပေးခဲ့သည်ကို တွေ့မြင်ရတော့ အပျော်ကြီးပျော်သွားရလေကာ မနက်စာမုန့်ပန်းကန်အား Victory တယောက် ယူဆောင်ရင်း ဆိုဖာရှေ့သို့ ဝင်ထိုင်လိုက်ဧ။်။
မှန်စားပွဲပေါ်မှ ဖုန်းကိုလှမ်းယူပြီးနောက် *Oppa* ဟု contact မှတ်ထားသော နံပါတ်ဆီသို့ စာအချို့ရိုက်နှိပ်လိုက်လေသည်။
🐼
🐼
🐼
🐼ဖုန်းမှ စာဝင်လာသော Vibration အသံကြောင့် Meetingလုပ်နေရင်း Jiyong မိမိဖုန်းအား ဘောင်းဘီအိပ်ကပ်ထဲမှ ထုတ်ယူလိုက်ကာ SMSကို ခိုးဖွင့်ဖတ်လိုက်လေတော့...