[Zawgyi]
Memory 🐉💫🐼အပိုင်း (29) Powerful
ဘေးသို့ ခပ်မြန်မြန် တွန်းထုတ်ခံလိုက်ရသည့် Jiyongမှာ ဖင်ထိုင်ရက်လဲကျသွားလေကာ မိမိမျက်စိရှေ့တွင် ရုတ်ချည်းပင် ဖြစ်ပေါ်သွားသော ဖြစ်ရပ်ကြောင့်...
" Victory..."
သူ့နံမည်အား အော်ဟစ်ခေါ်ဆိုလျက် လဲကျနေရာမှ ကုန်းရုန်းထလိုက်ပြီး သွေးအိုင်ထဲ လဲနေသော Victory ထံ အပြေးအလွှား သွားလိုက်သည်။
Victoryအား ရက်စက်စွာ တိုက်မိခဲ့သော အနက်ရောင်ကားမှာ ကားပြတင်းမှန်ပင် ချ၍ ဖွင့်မကြည့်ဘဲ တိုက်မိသွားသည်နှင့် တပြိုင်နက် အရှိန်ပိုမြှင့်တင်ကာ ကားပါကင်မှ မောင်းပြေးသွားလေသည်။
ထိုကားအနောက်သို့ Min Ho နှင့် Top တို့ အပြေးလိုက်သွားသော်လည်း လူသားနှစ်ယောက်ဧ။် ခြေလှမ်းထက် အဆပေါင်းများစွာ ပိုလျင်မြန်သော ကားအနောက်သို့ မှီအောင်မလိုက်နိုင်ကြပဲ ကျန်ရစ်ခဲ့လေကြသည်။
သွေးစွန်းနေသော Victoryဧ။် ဦးခေါင်းကို Jiyong အသာမယူကာ သူ့ပေါင်ပေါ်တင်လျက်...
" ဆေးရုံကား... ဆေးရုံကား ခေါ်ပေးကြပါဦး..." ဟု အက်ကွဲနေသော အသံဖြင့် အော်ဟစ်မိလေသည်။
ဘေးမှ ထိတ်လန့်တုပ်လှုပ်နေသော Dae Saung မှာ Jiyong အသံကြောင့် အသိပြန်ဝင်လာပြီး သူ့ဧ။်ဖုန်းကိုထုတ်ကာ ဆေးရုံကားခေါ်လိုက်လေဧ။်။
ကားအနောက်သို့ ပြေးလိုက်ရာမှ ကျန်ရစ်ခဲ့သော Min Ho က...
" Top Hyung... ကျွန်တော်ကားနံပါတ်မှတ်မိလိုက်တယ်... စားသောက်ဆိုင်ရဲ့ ကားပါကင် CCTV မှာ တစ်ခုခုရှာတွေ့မလားလို့ အခုပဲ သွားစစ်ကြည့်လိုက်မယ်..."
" အေး... မင်းသွားစစ်လိုက်... Jiyong ကအခု သွေးပူပြီး ဘာမှ တွေးနိုင်ဦးမှာမဟုတ်ဘူး ငါနဲ့ Dae Daung ဆေးရုံကို လိုက်သွားလိုက်မယ်..."
" ဟုတ်ကဲ့ Hyung... ပြီးရင် ကျွန်တော် ဆေးရုံကို လိုက်လာခဲ့မယ် " ဟု Min Ho အလျင်စလို ဆိုလိုက်ပြီး သွက်လက်မြန်ဆန်သော ခြေလှမ်းတို့ဖြင့် စားသောက်ဆိုင်ဆီသို့ ဦးတည်သွားလိုက်လေသည်။
: Victory ရဲ့ identity ကြောင့် ရဲစခန်းကို အကြောင်းကြားလို့ မဖြစ်သေးဘူး... Victory ရေ... မင်းအဆင်ပြေပါစေကွာ...: ဟု Min Ho တွေးတော ဆုတောင်းမိလေသည်။