[Zawgyi]
အပိုင်း (3) Heart beatကြက်ကြော်သွားဝယ်နေသော Jiyong ပြန်မလာသေးသဖြင့် Seungri လက်ပတ်နာရီကို တကြည့်ကြည့်ဖြစ်နေလေသည်။
: Jiyong ဘယ်အထိတောင် သွားဝယ်နေလို့ ဒီလောက်ကြာနေရတာလဲ...:
Mini store ဆိုင်မှ ဆိုင်မန်နေဂျာ မရှိတုန်းလေး Jiyongနဲ့ အတူနေ့လည်စာစားရန် Seungri အလုပ်က ခဏလစ်ထွက်လာရခြင်းဖြစ်သဖြင့်... အချိန်အများကြီး နေ၍မရပေ။
"Jiyong ရေ မြန်မြန်လာပါတော့ကွာ..."
Seungri နှုတ်မှတိုးတိုးရေရွတ်နေစဉ် ကြက်ကြော်ထုပ်ကိုဆွဲကိုင်ရင်း Kwong Jiyong ရောက်ချလာဧ။်။
" Sorry ကွာ ငါနောက်ကျသွားတယ်... လမ်းမှာ အကူအညီပေးနေရလို့" ဟု Jiyongက အမောတကောဖြင့်ဆိုတော့
" ဘာဖြစ်လို့လဲ Jiyong "
" ကောင်မလေးတယောက် သူ့ကြောင်ပျာက်သွားလို့ ... ငါလည်း ဝိုင်းရှာပေးနေတာနဲ့ ကြာသွားတယ်"
Kwon Jiyongရဲ့ အားနည်းချက်က သိပ်များများစားစားမရှိပေမယ့် ကြောင်နဲ့ပတ်သက်လာရင်တော့ အလွန်စိတ်ခံစားလွယ်သည့်အချက်ကို Seungri ကောင်းကောင်း သဘောပေါက်နေတော့...
" ဟုတ်ပါပြီကွာ ... အခုရော ကြောင်ကိုပြန်ရှာတွေ့သွားပြီမလား..." ဟု Seungri မေးလိုက်သည်။
Jiyong က ကျေနပ်အားရသော အပြုံးဖြင့် လက်မထောင်ပြရင်း...
" ငါက ဘယ်သူလဲ တစ်မိုးအောက် Jiyongပါကွ... ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကြောင်မှ ဒုက္ခမရောက်စေရဘူး..." ဟု ဟစ်ကြွေးလေသည်။
Seungriလည်း Jiyongဧ။် မျက်နှာပေးနဲ့ လေသံကြောင့် နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစိရင်း ရယ်ချင်စိတ်ထိန်းကာဖြင့်...
" Jiyong... မင်းက မူးယစ်တိုက်ဖျက်ရေး ဌာနမှာ ရဲဝန်ထမ်းလုပ်ရမယ့်အစား ကြောင်စောင့်ရှောက်ရေးဂေဟာမှာ လုပ်သင့်တာကွ "
Seungri ဧ။် အပြောကြောင့် Jiyong က ဟက်ဟက်ပက်ပက်ရယ်ရင်း...
" ငါလည်း တခါတလေ အဲလိုစဉ်းစားမိတယ်ကွ.. ငါ အလုပ်နေရာ မှား လုပ်နေမိတာလားလို့လေ...ဟားဟား "
နေရာမှားလုပ်မိပြီဟု နှုတ်က ရယ်လျက်ပြောနေသော်လည်း... Jiyongသည် ထူးချွန်သော ရဲဝန်ထမ်းတစ်ဦးဖြစ်သည့် အချက်အား Seungri ရင်ထဲမှ အပြည့်အဝလက်ခံမိပါသည်။