[Zawgyi]
Memory 🐉💫🐼အပိုင်း (28) Schemer
" လူ့စိတ်ဆိုတာ ဆန်းကြယ်သားပဲ... မင်းက ပိုတောင်ထူးဆန်းသေးတယ်... Jiyong "
" မသိရင် ကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်း ထူးဆန်းနေတယ်လို့ ထင်နေတာလားကွ Min Ho..."
" အခုပဲကြည့်လေ... မင်းက Seungriကို ချစ်ခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်ကို မင်းကိုယ်တိုင်ဝန်ခံလိုက်တော့ စိတ်ပေါ့ပါးသွားရတယ်မလား... နောက်ပြီး... Victoryနဲ့ မခွဲခွာချင်ဘူး... သူက မင်းနဲ့ အဝေးကြီး အလှမ်းကွာနေရင်တောင် ဆက်ချစ်နေမယ်လို့ တွေးလိုက်တော့ စိတ်ချမ်းသာသွား ရပြန်ရောလေ..."
" အဝေးကြီး အလှမ်းကွာတာ မဟုတ်ရပါဘူးကွာ... သူနေတဲ့နေရာကို ငါ လိုက်သွားလို့ မရနိုင်တာပဲ ရှိတာပါ..."
" ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ် အခု မင်းစိတ်က လန်းလန်းဆန်းဆန်းဖြစ်လာပြီဆိုတော့ မင်းချစ်သူလေးနဲ့ ငါ့ကို ဘယ်တော့မိတ်ဆက်ပေးမှာလဲ..."
" မင်းလို လူရှုပ်နဲ့... မိတ်ဆက်ပေးစရာလား..."
" ဟား... မင်းကောင်လေး ငါ့ကို ကြွေသွားမှာ စိတ်ပူနေတာမလား..."
" ချီးထုပ်... အဲလိုမျိုး စိတ်ပူစရာကို မရှိတာ... ငါ့ကလေးလေးက အရမ်းချစ်စရာကောင်းလို့ မင်းသာ လာမငမ်းနဲ့..."
" အဲဒါတော့ ကတိမပေးနိုင်ဘူး... Seungriနဲ့ရုပ်ဆင်တယ်... ဆံပင် ငွေမှင်ရောင်လေးနဲ့... နောက်ပြီး ဝတ်တာစားတာ စတိုင်လ်ကျတယ် ဝိုး...ငါ့အကြိုက်ပဲ... "
" ခွေးကောင် မပြေးနဲ့ ဒီကိုလာစမ်း ငါ့လက်စာမိမယ်..."
Jiyong ရှူးရှူးရှဲရှဲဖြင့် ဒေါသထွက်ကာ စနောက်လျက် ပတ်ပြေးနေသော Min Hoကို လိုက်ဖမ်းနေတော့မှ Min Ho မှာ မိမိသူငယ်ချင်းဧ။် စိတ်ဖိစီးမှုတွေ လျှော့ကျသွားသည်မို့ ယခုမှ သူ့အတွက် စိတ်သက်သာရာရတော့သည်။
စြင်္ကန်ကော်ရီဒါတလျှောက် ပတ်ပြေးနေသော Min Ho ကို အခန်းထဲမှ ထွက်လာသော Top က လှမ်းတားလိုက်ရင်း...
" ကလေးတွေလားကွ... စခန်းထဲမှာ ပတ်ပြေးနေကြတာ.."
Jiyongနဲ့ Min Hoတို့မှာ ခပ်တည်တည်ဖြင့် ပြောနေသော Top ကြောင့် ရုတ်တရက် ရပ်တန့်သွားမိကြဧ။်။