[Zawgyi]
Memory 🐉💫🐼 Special Episodeအပိုင်း (34) Memory
နံနက်ခင်းအလင်းရောင်ခြည်က ပြတင်းပေါက်မှ ဖြန့်ကျက်ကာ ဝင်ရောက်လာလေတော့ Jiyong အိပ်ပျော်နေရာမှ နိုးထလာဧ။်။
ရင်ခွင်ထဲ၌ နွေးထွေးစွာ အိပ်စက်နေသော Victoryဧ။် ပါးဖောင်းဖောင်းလေးကို မိမိလက်ညှိုးလေးဖြင့် ထိတို့ကာ ကစားနေမိသော်လည်း...
ညက အိပ်ရာဝင်နောက်ကျသွားသောကြောင့်လား မသိ။ Victoryမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေဆဲပင်။
မနက်မိုးလင်းတိုင်း ချစ်ရသူဧ။် မျက်နှာလေးကို မြင်တွေ့ကာ နိုးထရသော ခံစားချက်အား ဘယ်အရာနဲ့မှ မလဲနိုင်ပေ။
ချစ်တယ်... ချစ်တယ်ဆိုသော စကားလုံးထက် ပိုသာလွန်သော အသုံးအနှုန်းတို့ရှိလျှင်... Jiyong အမြဲ ပြောချင်နေမိတယ်။
: ကိုယ့်အရမ်းမြတ်နိုးတယ်... မြင်နေရရင်တောင် ကိုယ့်ကိုယ်ကို ကံကောင်းနေပြီလို့ မှတ်ယူရတဲ့အထိ Victoryကို မြတ်နိုးနေမိပြီ ..:
> မြတ်နိုးခြင်း
သူ့ အကြည့်တွေထဲက ကြင်နာရိပ်တွေကို မြတ်နိုးတယ်...
အနားမှာရှိနေရင်ကို အလိုလိုပျော်နေမိတဲ့ ခံစားချက်ကို မြတ်နိုးတယ်...
ဘာပြောပြော ဘာလုပ်လုပ် ပြုံးပြီးကြည့်နေမိတဲ့ ဒီအပြုအမူ အသစ်အဆန်းတွေကိုလည်း မြတ်နိုးတယ်...
ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေက ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလိုမျိုး ရင်ထဲမှာ ထာဝရသိမ်းဆည်းခွင့် ရတာကိုလည်း မြတ်နိးတယ်...
မင်းကိုလည်း ကိုယ်တကယ် မြတ်နိးတယ်... <
🐼
🐼
🐼
🐼" Jiyong...မြန်မြန်လုပ် အလုပ်နောက်ကျနေပြီနော်..."
ခပ်စွာစွာဖြင့် အော်ဟစ်သတိပေးနေသော Victory အသံကြောင့် Jiyong အကျီဂျာကင်ကို အလျှင်စလိုဝတ်လိုက်ပြီး...
" အိုကေ ဘေဘီ..." ဟုဆိုကာ အိပ်ခန်းထဲမှ ထွက်လာခဲ့တော့
Victoryက Jiyong ဧ။် အတွင်းမှ အကျီကော်လံကို သေချာဖြန့်ကာ ပြင်ဆင်ပေးပြီးနောက် သူ့ပါးပြင်အား နှုတ်ဆက်အနမ်းတစ်ပွင့် ခြွေလိုက်ရင်း...