Memory 🐲💫🐼 Part 32

129 12 0
                                    

[Zawgyi]
Memory 🐉💫🐼

အပိုင်း (32) Murderer

အာရုဏ်ဦး အလင်းနေခြည်က ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ ဝင်ရောက်လာလေတော့ Jiyong မှေးကနဲ အိပ်ပျော်သွားရာမှ လန့်နိုးသွားမိသည်။

အချိန်နာရီပိုင်းမျှ အိပ်ပျော်သွားသည့် ခဏလေးမှာပင် အိပ်မက်များမြင်မက်လျက်ဖြင့်...

မိမိလက်ကို ဆုပ်ကိုင်ထားကာ အိပ်ပျော်နေသော Victoryဧ။် လက်ဖမိုးအိအိလေးကို အကြင်နာပေးလိုက်ရင်း...

" ကိုယ့်ကလေးလေးရဲ့ မျက်နှာ သွေးရောင်ပြန်သမ်းနေပြီပဲ... မကြာခင် ကိုယ်တို့နှစ်ယောက် အန္တရာယ်တွေ မရှိတော့တဲ့ ဘဝမှာ အများကြီး ပျော်ရွှင်ကြရတော့မှာပါ..." ဟု လေသံတိုးတိုးဖြင့် ရေရွတ်မိလေဧ။်။

နုနယ်လှပသော သူ့မျက်နှာ၊ ခွဲစိတ်မှုအရှိန်ကြောင့် အနည်းငယ်ဖြူဖျော့နေသော နှုတ်ခမ်းနှစ်လွှာ၊ နှာတံထင်း၍ ထိပ်ဖျားအနည်းငယ် လုံးဝန်းသောနှာခေါင်းလေး၊ Jiyong အနှစ်သက်ဆုံးအရာဖြစ်သော ခပ်စိတ်စိတ်မျက်တောင်တိုကလေးများက မထိရက်လောက်အောင် သပ်ရပ်လှပသည့် ကြွေရုပ်လေးတစ်ရုပ်နှယ်။

အခန်းတံခါးတွန်းဖွင့်သံကြားလိုက်ရသဖြင့် အခန်းဝသို့ Jiyong လှမ်းကြည့်လိုက်တော့ Min Ho ကို တွေ့ရသဖြင့်...

" Min Ho... ငါမှာထားတာ ပါလာပြီလား..."

Min Ho က အဝတ်အိတ်အမည်းရောင်ဖြင့် ထုပ်ထားသော ပစ္စည်းအား Jiyong ထံသို့ ကမ်းပေးလိုက်ရင်း...

" မင်း ဒါကို အသုံးပြုဖို့ မလိုရင် သိပ်ကောင်းမယ်... နှစ်ဦးနှစ်ဖက် အထိနည်းမယ့် အခြေအနေဖြစ်ဖို့ ငါမျှော်လင့်တယ်... Jiyong..."

Jiyong က Min Hoပေးသော အိတ်ထဲမှ ပစ်စတိုသေနတ်ကို သူ့ဂျာကင်အကျီအိတ်ကပ်ထဲ အသာအယာ ဝှက်ထည့်လိုက်ပြီး...

" Victory ကို မနက်ပိုင်းသောက်ရမယ့် ဆေးတိုက်ပြီးရင် သွားကြမယ် Min Ho.."

Min Hoက စိတ်ပူစွာဖြင့် ခေါင်းညိတ်ပြလိုက်ကာ...

" မင်းမှာထားတဲ့အတိုင်း Top Hyung ကို အကူအညီတောင်းထားတယ်..."

" အိုကေ... ငါ့အတွက် ဆုတောင်းပေးထားနော်..."

" မင်း ဒီတခါတော့ ကံကောင်းမှာပါ... Jiyong..."

Memory 🐲💫🐼 (Completed) Zawgyi & UnicodeWhere stories live. Discover now