[Zawgyi]
Memory 🐉💫🐼 Final Episodeအပိုင်း (33) Life
သြဂုတ်လလယ်မို့ မိုးမကုန်သေးပဲ ကောင်းကင်ထက်၌ မိုးသားတိမ်လိပ်တို့က တလိပ်လိပ်ရွေ့လျားလျက်ဖြင့်။
တရားခံကို ဖမ်းဆီးခေါ်ဆောင်သွားသော ရဲကားထွက်သွားသည်ကို Victory လှမ်းကြည့်လိုက်ပြီးနောက် Jiyong ဘက်သို့လှည့်ကာ...
" Oppaရဲ့ လက်က အနာသက်သာအောင် ငါလုပ်ပေးမယ်..."
Jiyong က ယုံယုံကြည်ကြည်ဖြင့်ပင် သူ့ဘယ်ဘက် လက်မောင်းကို Victory ထံသို့ ကမ်းပေးလိုက်တော့ Victoryမှာ သူ့လက်ကိုဆုပ်ကိုင်ရင်း မျက်လုံးများမှိတ်လိုက်ကာ နှုတ်မှ ခပ်ဖွဖွ ရေရွတ်လိုက်ဧ၊်။
တန်ခိုးအစွမ်း မရှိပဲ မိမိဒဏ်ရာအား ဆေးမန်းမှုတ်သကဲ့သို့ ကုသပေးနေသော Victory ကို Jiyong ကြည့်ရင်း ပြုံးလိုက်မိသည်။
: ဘေဘီကတော့ သူလုပ်ချင်တာတွေ စလုပ်ပြီ... : ဟု တွေးတောကာ သူ့စိတ်ကျေနပ်စေရန် ငြိမ်ခံနေလိုက်သည်။
သို့သော် Jiyong သူ့လက်မောင်းကို ကြည့်နေဆဲမှာပင် သွေးများစို့နေသော ဒဏ်ရာအက်ကွဲကြောင်းက တဖြည်းဖြည်း အသားပြန်တက်လာပြီး ပကတိအကောင်းအတိုင်းဖြစ်သွားသည်ကို မိမိမျက်စိဖြင့် မြင်တွေ့လိုက်ရသောအခါ တအံတသြဖြစ်သွားရပြီး...
" ဒဏ်ရာက လုံးဝပျောက်ကင်းသွားတာပဲ... Victory မင်းအစွမ်းတွေ ပြန်ရနေတာလား..." ဟု မေးမိလေတော့ Victory က ခေါင်းကို ညိတ်ပြရင်း...
" အစွမ်းက ပြန်ရတာ မိနစ်ပိုင်းလေးပဲ ရှိသေးတယ်... ငါအမြဲတမ်း မင်းအနာတရဖြစ်လာတဲ့အခါ ကုသပေးချင်ခဲ့တာ အခုတော့ ဆန္ဒပြည့်သွားပြီ..."
Jiyong က သူ့လက်မောင်းသား၌ အမာရွတ်ပင် မကျန်ရှိတော့သည့် နေရာအား လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး...
" ထူးဆန်းလိုက်တာ ကလေးရယ်... မင်းအစွမ်းက တကယ်မိုက်တာပဲ..."
" တစ်ခါပဲ ကုပေးမှာနော် ..."
" အမလေး ဈေးကိုင်လိုက်တာဗျာ..."
Victory က သဘောကျစွာ ရယ်မောလိုက်လေတော့မှ သူ့ဦးခေါင်းထက်တွင် ပတ်တီးမစီးထားပဲ လန်းလန်းဆန်းဆန်းဖြစ်နေသည်ကို Jiyong က သတိထားမိသွားလေကာ ...