မား​​ဆွေ၏ မိတ်ဆက်နှင့် ငကြောက်လေး

19.3K 1K 44
                                    

ခွန်း❤လွန်း💛သွန်း💚

အပိုင်း၁

လေအေးအေးလေးတွေက ပြတင်းပေါက်ကနေတစ်ဆင့် ဖြည်းညည်းစွာ တိုက်ခတ်လာသည်။ကျွန်မအကြည့်သည် လေလိုအေးစေတဲ့ ချောမောမူကိုပိုင်ဆိုင်သော ကောင်လေးသုံးယောက်ဆီမှာ။ အတန်းထဲမှာ ကောင်​လေးသုံးယောက်သည် အဓိကဇာတ်လိုက်များဖြစ်ကျသည်။

ကျွန်မ​တွေး ွသော ဇာတ်လမ်းရဲ့ အရေးပါဆုံးသော ဇာတ်ကောင်များသာဖြစ်သည်။ နောက်ဆုံးတန်းရဲ့ ပြတင်းပေါက်မှ ထိုင်ကာအပြင်ကိုငေးနေတတ်သော ပထမဆုံးသော ကျွန်မ၏ ဇာတ်လိုက်။

သူကစိတ်ဆက်တယ် ဒေါသကြီးတယ်။ စကားပြောဘုကန့်လန့်နဲ့။ သူရဲ့ နဖူးအပေါ်မှာ ဆံပင်မွှေးတစ်မွှေးမှ မရှိအောင် အမြဲတန်းထောင်ထားတတ်သည်။ ပြောင်လင်းနေသော နာဖူးမို့မို့ဟာ သူ့ကိုယောက်ကျားပီသစေသည်။

မျက်ခုံးတန်းနက်နက်များက ထင်းရှားသောမျက်ရိုးပေါ်မှာ တည်ရှိနေသည်။ စိတ်အလိုမကျတိုင်း တွန့်သွားတတ်သေးသည်။ မျက်လုံးဝိုင်းဝိုင်းတို့မှ မျက်စံဟာ နက်ကာကြည်လင်နေသည်။ နာတံထင်းထင်းရဲ့အောက်မှာ ခပ်ဖူးဖူးနီညိုရောင်နူတ်ခမ်းများက လှပသောအပြုံးထက် မဲ့ပြုံးတစ်ခုကို ဖန်တီးတတ်သည်။

သူ့ကိုအတန်းသားတွေကတော့ ကွယ်ရာမှာ မာနမင်းသားတဲ့လေ။ ကျောင်းဝတ်စုံ လက်ရှည်နဲ့ဘောင်းဘီဟာ တောင့်တင်းသော ခန္ဓာကိုယ်ကို ကြည့်အကောင်းဆုံးဖြစ်အောင် ပံပိုးနေသည်။သူ့နာမည်က မြတ်ခွန်းမာန်တဲ့။

ဒုတိယမြောက်ဇာတ်ကောင်လေး ပထမ ဇာတ်လိုက်ကျော်ရဲ့ ရှေ့အတန်းက အလယ်ခုံထိုင်နေတတ်သည်။ တစ်ခါတလေမှောက်အိပ်နေတတ်သလို တစ်ခါတလေ သူကနားကျပ်နဲ့သီးချင်းနားထောင်နေတတ်သည်။ကျွန်မနဲ့တော့် ဘယ်သောအခါမှမတည့်သူ။

သီချင်းနားထောင်ရင်း မျက်လုံးများမှိတ်ကာ သီချင်းမှာစီးဆင်းနေတတ်သော သူ့အကျင့်က ပတ်ဝန်းကျင်ကို သီချင်းလောက်အလေးထားပုံမရ။

တစ်ခါတစ်လေ နူတ်ခမ်းဖူးဖူးလေး လှုပ်ရုံသာ လိုက်ဆိုနေတတ်သည်။ ပန်းသွေးရောင်သူ့နူတ်ခမ်းလေးတွေက သိပ်ကိုကဗျာဆန်နေသည်။ အမြဲတမ်း သွားပေါ်အောင်မရယ်တတ်ပေမယ့် လူတိုင်းကိုတော့ အပြုံးချိုချိုလေးတွေပေးတတ်သည်။ကျွန်မကလွဲလို့ပေါ့။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now