စိန်ဗေဒါလို လက်သံမျိုး

5K 505 4
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

စိန်ဗေဒါလို လက်သံမျိုး

မြတ်လွန်းမာန်

အောင်မြင်မူ့သည် လူတို့ကို တောက်ပမူ့တွေပေးသလို လွတ်လပ်မူ့တွေနဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပေါ်ပေါ်တင်တင် ဖျောက်ဖျက်ခံရသည် ဆိုတာ ကျွန်တော်ကိုယ့်တွေ့ တွေ့လာရသည်။ကြုံလာရသည်။

ကျွန်တော်သည် ကားလေးပေါ်မှာ ထိုင်ကာပြတင်းပေါက်ကို ငေးကြည့်နေမိသည်။ ကျွန်တော့်ရဲ့ ပုခုံးပေါ် ချစ်ရသူလေးသည် မှေးစက်ကာ စိတ်ပင်ပန်းမူ့တို့ကို ဖြေဖျောက်နေတော့သည်။

ကျွန်တော်တို့သည် မောပန်းမူ့တွေမှ ရှောင်ပြေးလာကျခြင်းဖြစ်သည်။ ဝေဖန်မူ့တွေ တိုက်ခိုက်မူ့ တွေ လက်ချင်းတွဲကာ တွန်းလှန်ပြီးနောက် ေအားအင်ယူနေခြင်း ဖြစ်သည်။

ဝေဖန်မူ့ .... ဝေဖန်မူ့ဆိုလို့ ကျွန်တော်ရဲ့ အတွေးတို့သည် လွန်လေပြီးသော နှစ်အနည်းငယ်ကို ရောက်ရှိသွားခဲ့သည်။

BlMVသည် ကျွန်တော်ဆိီကို အောင်မြင်မူ့ကြီးတစ်ခုကို ဆွဲခေါ်လာပေးခဲ့သလို ဟချက်လောင်းဆိုပြီး နာမည်ကျော်ကြားလာခဲ့သည်။ စုံတွဲလှုပ်ရှားမူ့တွေဟာလည်း တစ်နိုင်ငံလုံးက နူတ်ခမ်းနီမလေးတွေ အသဲစွဲ ဖြစ်ခဲ့ကျသလို lgbtအသိုင်းအဝန်းရဲ့ အားပေးမူ့ကလည်း တစ်ခဲနက်ရရှိခဲ့သည်။

ထိုMVလေးပြီးတော့ blseriesမရိုက်ခင် ကျွန်တော့်မှာ ကောင်မလေးရှိကြောင်း ထုတ်ပြောဖို့ အန်တာတိန်းမန့်နဲ့ တိုင်ပင်ခဲ့သည်။ ကိုသောင်းစိန်ကတော့  ကျွန်တော့်ကိုနားချပေမယ့် ကျွန်တော်တိုင်ပင်ဖြစ်ခဲ့သည်။

အန်တာတိန်းမန့်ရဲ့ မူဝါဒတွေဟာ အရင်ကနဲ့ မတူအောင်ရုတ်တရက် ပြောင်းလဲသွားသည်။ ထုတ်ပြောခွင့်မပေးသလို လက်ရှိအတွဲဇွဲနဲ့ ပိုလို့ပင်နီးကပ်တဲ့ လှုပ်ရှားမူ့တွေကို ပြုလုပ်ခိုင်းလာခဲ့သည်။ ကျွန်တော့်အား အချိန်မတ်သေးကြောင်း ခနစောင့်ပါဟုသာ အချိန်တို့ကို ဆွဲဆန့်ထားသည်။

ကျွန်တော်သည် ပရိတ်သတ်ကို လိမ်ပြီးထမင်းစားရတာကို မြိုမကျသလို ကျွန်တော်သည် ဒီလိုလူပါ ဒီလိုစရိုက်ရှိပါတယ်ဆိုတာကို fanတွေကို ချပြချင်လောက်အောင် ပွင့်လင်းချင်မိသည်။ အချိန်ကြာလေfanတွေရဲ့ မျှော်လင့်ချက်ကို အရှိန်ပြင်းပြင်း ရိုက်ချိုးလိုက်သလို ဖြစ်မည်ကို စိုးရိမ်မိသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now