ငကြောက်လေးနဲ့ထမင်းကျွေးတဲ့အူတိုsemeကြီး

7.2K 638 10
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

ငကြောက်လေးနဲ့ ထမင်းကျွေးတဲ့ အူတိုsemeကြီး

မြတ်ခွန်းမာန်

"ပါးပါးရေ သားကိုလေ ထမင်းနှစ်ချိမ့်နဲ့ ဟင်းများများလေးထည့်ပေးပါနော်....."

သားဖြစ်သူ မောင်မြတ်ခွန်းမာန်သည် အစားကိုသိပ် အာရုံမစိုက် ထည့်ပေးသလောက်ကို ကုန်ချင်ကုန်သည် မကုန်ချင်မကုန် တခါတလေ ကုန်ချင်ကုန်သည်။ ထမင်းမကုန်လို့ ဆူရင်လည်း ကိုယ်တော်ကမကြိုက်ဘူးလေ။ ခုတော့ အထူးအဆန်းလုပ် များများထည့်ခိုင်းနေတာကြောင့် အံသြနေမိရသည်။

"ဟမ် သားခွန်း အထူးအဆန်းလုပ်လို့ပါလား....."

"အာ ပါးပါးကလည်း ထည့်ပေးဆိုထည့်ပေးဗျာ နော် နော်လို့....."

အဖေဖြစ်သူ မင်းမြတ်သွန်းလက်မောင်းအား သားဖြစ်သူ မြတ်ခွန်းမာန် လက်ဖြင့်ဆုတ်ကိုင်ကာ ကိုယ်ကိုလှုပ်ရင်း ချွဲနေတော့သည်။ ဖအေဖြစ်သူ မင်းမြတ်သွန်း(ဝလုံးလေး)မှာ သားဖြစ်သူက တစ်ခါမှ ထို့သို့ မချွဲဖူးတာကြောင့် အံသြမူ့တွေပဲ အထပ်ထပ်ရနေ ရတော့သည်။

"အေးပါအေးပါ...."

"ယေး ဒါမှ သားပါးပါး...."

ဖအေဖြစ်သူကို ကုန်းကာ အနမ်းခြွေလိုက်တော့ မိဘတို့ ထုံးစံအတိုင်း ပျော့သွားကာ ပီတိ့တွေဝေဖျာစွာပြုံးနေတော့သည်။

"ဟေ့ ငါမိန်းမကို ဘယ်ကောင်နမ်းတာလဲ...."

မြတ်ခွန်းမာန် ဒယ်ဒီရဲ့ အသံကြားတာကြောင့် စပ်ဖြီးဖြီးလုပ်လိုက်မိသည်။ ဒယ်ဒီတို့များ အသက်သာကြီးတာ ရိုပြနေတယ်ဗျာ။

"ကိုကို ဘာမိန်းမလဲ ဒီမှာနော် ယောင်းမ...."

"ဟားးး...."

မြတ်ခွန်းမာန် ဒယ်ဒီ(ကိုကို)ကိုလေှာင်ကာရယ်လိုက်မိသည်။ ဒယ်ဒီဦးမင်းမြတ်ခွန်း(ကိုကို)ကတော့ သူ့အား ဘုကြည့်ကြည့်ကာ သူ့ရဲ့ ပါးပါးကိုကျတော့ မျက်နာချိုသွေးရင်း

"ဝလုံးလေးကလည်း ကိုကိုကချစ်လို့စတာကို ဟဲဟဲ  ....."

ပြောရင်း မိမိဘေးက ပါးပါး(ဝလုံးလေး)ကို ဒယ်ဒီ(ကိုကို)က လာရောက်ကာ ဖက်ရင်း ကျီစယ်နေသည်။ သူရှေ့မရှောင် အကဲပိုနေသော ဒယ်ဒီအား ကြည့်မရသည့်အဆုံး

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now