လွန်းလေးရဲ့အရှူးမလေး အူမြူးချိန်

5K 513 4
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

လွန်းလေးရဲ့ အရှူးမလေးအူမြူးချိန်

မြတ်လွန်းမာန်

"လာ..လာ သွန်းလေးရေ မှိုင်မနေနဲ့ မင်းအစ်ကိုခွန်းက အဆင်ပြေတယ် ကိုယ့်ဗိုက်ကိုသာ ဂရုစိုက်.... "

ကျွန်တော် ဆရာဝန်ရှိရာသို့ သွန်းနဲ့ကိုကြီးဂျင်ကို ခေါ်လာရသည်။ သွန်းဟာလည်း ခွန်းကို စိတ်ပူနေတာကြောင့် မှိုင်နေတာမို့ ကိုကြီးဂျင်မှာ တဖွဖွနဲ့ စိတ်ကိုလျော့ဖို့ပြောနေတော့သည်။ ကျွန်တော်လည်း စိတ်ပြေဖို့ပြောနေရသည်။

ဆရာဝန်က ယောက်ကျားလေး ဗိုက်ကြီးသည်မို့ လေ့လာနေကျ တာကြောင့် သူများ လူနာတွေလို စောင့်စရာမလို တန်းပြီး ပါရဂူကြီးဆီတန်းသွားရသည်။ သားဖွားမီးယပ်ပါရဂူကြီးအပြင် အခြားဆရာဝန်ကြီးတွေနဲ့ ဆရာဝန်လေးတွေနဲ်ပါဆို အနည်းဆုံး ငါးယောက်လောက်ရှိမည်ထင်သည်် လေ့လာချင်ပါတယ်ဆိုလို့ ကိုကြီးဂျင်နဲ့သွန်းကပါ ခွင့်ပြုထားခြင်းဖြစ်သည်။

စစ်ဆေးခန်းကိုတော့ဘခုမှရောက်ဖူးသည်။ နှစ်လတစ်ခါ လာပြရသည်မို့ အရင်လက ပါးသွန်းလိုက်ပို့သည် ဒီတစ်ခါတော့ ပါးသွန်းသည် ခွန်းစိတ်နဲ့ အိပ်ရာပေါ် လှဲနေတော့သည် ထို့ကြောင့် ကျွန်တော်လိုက်လာရခြင်းဖြစ်သည်။

အခန်းတစ်ခုထဲ သွန်းနဲ့အကိုကြီးက ဝင်သွားပြီး ထိုဆရာဝန်တွေကပါ လိုက်ဝင်လာကျသည်။ အခန်းကတော့ အတောကျယ်ပြီး ကုတင်အသေးတစ်လုံးရယ် အက်ထရာ​ဆောင်းရိုက်တဲ့ စက်ရယ် စားပွဲအသေးလေးရယ် ခုံတစ်လုံးရယ်ရှိသည်။ စားပွဲပေါ်က စာအုတ်ကို ပါရဂူဆရာမကြီးက ကောက်ယူလိုက်ကာ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

သွန်းကတော့ ကုတင်ပေါ်လှဲဖို့ ကိုကြီးဂျင်ကူညီပေးနေလေသည်။ ကျန်ဆရာဝန်တွေကတော့ အခန်းထောင့်က ကုတင်နဲ့သိပ်မဝေးသော စည်းအဝါလေးရှိရာမှာ သွားရပ်နေကျသည်။

သူတို့ထဲဆရာဝန်လေးတစ်ယောက်က ကျွန်တော့်ကိုလက်ယက်ခေါ်တာကြောင့် သူတို့အနားသွားလိုက်တော့ ထိုဆရာဝန်က

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now