ညကိုကြောက်သောငကြောက်လေး

5.5K 471 7
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

Ficလေးမစခင် ဦးစကားလေး နည်းနည်းပြောချင်ပါတယ်။ဒီficက လိုချင်တဲ့ အပိုင်းလေးတွေကိုပဲ ရေးပြပြီးတော့ မလိုတဲ့ အပိုင်းတွေကို ကျော်လိုက်တဲ့ ပုံစံနဲ့ရေးတာပါ။ ဥပမာ ခုမှလက်ထက်ဖို့သဘောတူတယ် နောက်နေ့fic upတော့ လက်ထက်ပွဲစပြီ အဲလိုပေါ့ ကြားထဲက မလိုတဲ့ အပိုင်းတွေကို ကျော်ရေးလိုက်တဲ့ သဘောပါပဲ။ ဇာတ်ကောင်တွေတအားများတော့ ဖတ်ရတာလည်း ရှုပ်သလို ရေးရတာလည်း ရှုပ်ပါတယ် ရေးပြီးသိလိုက်ရတာက တစ်ချို့ဇာတ်ကောင်တွေ အခန်းတွေက ကျန်သွားတာတွေရှိပါတယ် ဥပမာ လီဂျင်ရဲ့မိဘတွေဖြစ်တဲ့ လီမင်နဲ့ဝမ်ရီဘင်း အခန်းတို့ ကျော်လွင်နဲ့ကိုမင်းအခန်းတို့ တွယ်တာမိုးနဲ့ကိုခန့်အခန်းတို့ပေါ့။ ကိုယ်လည်းရေးရဇာတ်ကောင်များလာတာ ဇာတ်ရံတွေ အခန်းတွေကို သတိမထားမိတော့ဘူး။ ဖတ်တဲ့ ဒါဒါလေးတွေ သိလားမသိလား မသိပေမယ့်ကိုယ်တိုင်တော့ ပြန်စတိထားမိသွားတဲ့။ ပေါ့လျော့မူ့အတွက် တကယ်ကိုတောင်းပန်ပါတယ်နော် အားပေးကျလို့လည်းကျေးဇူးတင်ပါတယ်။ အားနည်းချက်လေးကို နားလည်ပေးပါလို့ တောင်းဆိုပါရစေ။ ကဲficလေးစလိုက်မယ်နော်👇👇👇။

##################

တစ်အိမ်လုံး ဆူညံနေကျသည်။ တိတ်ဆိတ်နေသော အိမ်ကြီးသည် လူအင်အားများစုဝေးနေတာကြောင့် တစ်အိမ်လုံးတစ်ခြံလုံး အုတ်အော်သောင်းသင်းဖြစ်နေကျသည်။

ပန်းတွေနဲ့ ခြံတစ်ခုလုံးကို အလှဆင်ထတာကြောင့် တစ်ချို့ပန်းလေးတွေအနား ပျားပိတုံးလေးတွေ ဝေ့ဝဲနေကျသည်။ လေပြေတိုက်တိုင်း လူအုတ်ကြီးထဲ ရေမွေးနံတို့နဲ့မပြိုင် ပန်းနံသင်းသင်းလေးတွေက ပြေးလွှားသွားကျသည်။

"မင်္ဂလာပါ ဦးမင်းမြတ်ခွန်းခဗျ... တွေ့ရတာဝမ်းသာပါတယ် ဒီကဦးမင်းမြတ်သွန်းခဗျ....."

"ဟုတ်ကဲ့ ဦးနောင် ဝလုံးလေးဒါက ကိုယ်တို့အလုပ်က ရှယ်ယာဝင်ပါ...."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် လာပေးလို့ ကျေးဇူးတင်ပါတယ်ခဗျ...."

မိဘနှစ်ပါးဖြစ်သော ဦးမင်းမြတ်ခွန်းနဲ့ ဦးမင်းမြတ်သွန်းအပြင် သတို့သမီးရဲ့မိဘနှစ်ပါးဖြစ်တဲ့ဒေါ်ဆွေဆွေနဲ့ဦးငြိမ်းမောင်တို့ကပါ ခြံအဝင်ပေါက်နားမှာ မိမိတို့ ဧည့်သည်တွေကို တစ်တွဲစီနူတ်ဆက်နေကျသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now