နှစ်လိုဖွယ်အရုပ်ကလေး ရင်ခုန်တတ်ပြီ

7.4K 673 8
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေး

နှစ်လိုဖွယ် အရုပ်ကလေး ရင်ခုန်တတ်ခဲ့ပြီ

"သားဂျင်ရေ......"

"ဗျာ...."

ဂျင် ဧည့်ခန်းမှာ Laptopတစ်လုံး စာရင်းဇယားများနဲ့ အလုပ်များနေတုံး ပါးသွန်း(ဝလုံးလေး)ရဲ့ ခေါ်သံကြောင့် အလုပ်ခနရပ်ကာ မီးဖိုချောင်တံခါးဝသို့ လှမ်းကြည့်လိုက်မိသည်။

ထိုစဥ်Apronဝတ်ထားတဲ့ ပါးသွန်း(ဝလုံးလေး)ဖေျာ်ရည်ခွက်လေးတွေကို လင်ဗန်းနဲ့သယ်လာတာကြောင့် ဂျင်စာရွက်တွေချကာ ထိုင်ရာမှ ထလိုက်ပြီး ပါးသွန်း(ဝလုံးလေး)ကို ကူသယ်ပေးလိုက်သည်။

"ရော့ ဒါကသားဂျင်အတွက် သခွားမွေးဖျော်ရည်....."

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ပါးသွန်း...."

ကျေးဇူးတင်ပါတယ်ပြောတော့ ပါးသွန်း(ဝလုံးလေး)သည် အမြွှာတွေထဲမှ အဆုံးသွန်းလေးလိုနဲ့ တူသည်။ ပြုံးနေတာက ချစ်စဖွယ်ကောင်းလို့ပင်ဖြစ်သည်။ ပါးသွန်း(ဝလုံးလေး)က အသက်သာ၃၀ရှိပြီဆိုပေမယ့် အရမ်းကိုနှနေသည် ထို့ကြောင့်လည်း အန်ကယ်ခွန်း(ကိုကို)က ခုလိုနှစ်တွေကြာတာတောင် သဲသဲလှုပ်ချစ်နေတုံးပင်ဖြစ်သည်။

ဂျင်သည်အန်ကယ်ခွန်း(ကိုကို)တို့ အတွဲကို အရမ်းအားကျမိသည်။ သိပ်ချစ်ကျလို့ပင်ဖြစ်သည်။ ခွက်လေးခွက်ကျန်သေးတာမို့ ဂျင်သိလိုက်သည်။ အမြွှာလေးသုံးယောက်နဲ့ အန်ကယ်ခွန်း(ကိုကို)အတွက် ဆိုတာကို ထိုကြောင့်

"ပါးသွန်း အန်ကယ်ခွန်းနဲ့ အမြွှာလေးတွေအတွက်မလား....."

"အေးသားဂျင်ရဲ့ ဘာဖြစ်လို့လဲ...."

ဂျင် လင်ဗန်းကို ပါးသွန်း(ဝလုံးလေး)လက်မှ လွဲကိုင်လိုက်ကာ

"သားသွားပို့လိုက်ပေါ့မယ် ပါးသွန်း....."

"ဟာ... သားဂျင်အလုပ်များနေတာပဲ နေပါစေ...."

"ရပါတယ် သားထိုင်ရတာ ကြာပြီ ခါးနာနေလို့ သားပို့လိုက်မယ်နော်...."

ဂျင်စကားကြားတော့ ပါးသွန်းပြုံးသွားကာ

"ဒါဆိုလည်း မင်းတို့ အန်ကယ်ခွန်းအတွက် ပါးသွန်းပို့လိုက်မယ် ကလေးတွေအတွက် သားပို့လိုက်နော်...."

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now