စံထားလောက်သော ရည်းစားစကားပြောနည်း

6.3K 641 16
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေး S-2

စံထားလောက်သော ရည်းစားစကားပြောနည်း

ဂျွန်ဒယ်နီ

မျက်လုံးဖွင့်လိုက်တာနဲ့ တိတ်ဆိတ်ငြိမ်သက်မူ့တို့သည် ကျွန်တော့်ရဲ့ အိပ်ခန်းထဲတက်မက အိမ်ကြီးထဲတွင်ပါ ကြီးစိုးနေသည်။

အိပ်ရာကထလိုက်ကာ မျက်နာသစ်ရေချိုးလိုက်သည်။ အိမ်အကူအဒေါ်ကြီးထုတ်ပေးထားတဲ့ ကျောင်းဝတ်စုံကို ထုတ်ဝတ်လိုက်သည်။

မှန်ရှေ့မျက်နာကိုအကြည့်ရောက်သွားမိသည်။ သွေးနှောတစ်ယောက်မို့ မြန်မာလူမျိုးတွေနဲ့ မျက်နာချင်းဆင်မနေပါ။ ဒယ်ဒီကနယ်သာလန်သားမို့ နယ်သာလန်မျက်နာပေါက်မျိုးကိုသာ ဒယ်ဒီဆီက ကျွန်တော်အမွေဆက်ခံရရှိထားသည်။

သို့ပေမယ့် ဆံပင်နက်နက်ထူထူတွေ မျက်ခုံးနက်နက်တွေနဲ့ မျက်အိမ်နက်နက်တွေက အရှေ့တောင်အာရုသားမြန်မာလူမျိုးတို့ဆီမှ အမွေဆက်ခံရရှိထားသည်။ ဖြူစွတ်စွတ်အသားမှာ မျက်ခုံးနက်နက်မျက်အိမ်နက်နက် ဆံပင်နက်နက်တို့ အထင်အရှားရှိနေသည်။

ဆံပင်တို့ကို သက်တင်လိုက်မှ လူတစ်ယောက်အကြောင်း အတွေးပုံရိပ်ထဲ ရိပ်ခနဲပေါ်လာတော့သည်။ ထိုလူသည် အမြဲလိုလိုမိမိ မျက်အိမ်နားဝဲကျနေတဲ့ ဆံစတို့ကို ခပ်ဝါဝါအသားရောင်နဲ့ ရှည်သွယ်သွယ်လက်ချောင်းတို့ဖြင့် သပ်တင်ပေးတတ်သည်။

ထိုလးအကြာင်းတွေးမိတိုင်း ဒယ်နီဆိုတဲ့ ကျွန်တော် ဘယ်ဘက်ရင်အုံက နွေးထွေးလာသလိုခံစားရသည်။ နွေးထွေးမူ့ဆိုတာ ဘယမှန်းမသိခဲ့တာ ငယ်စဥ်ကတည်းကနေ ယခုချိန်ထိဖြစ်သည်။

ထိုလူရဲ့အပြုံး ဂရုစိုက်မူ့သေးသေးလေးတွေကအစ ကျွန်တော့်ရင်ကို နွေးထွေးစေသည်။ အိမ်ကြီးကကျယ်ပေမယ့် အခန်းကျည်းတဲ့ ကျောင်းကအခန်းလေးလောက် နွေးထွေးမးမပေးနိုင်ခဲ့ပါ ကျွန်တော့်ကိုနွေးထွေးနိုင်သော သူသည်ထိုအခန်းကျည်းလေးထဲမှာ ကျွန်တော့်ကို အမြဲ ခရီးဦးကြိုပြုတတ်လို့ပင်ဖြစ်သည်။


ဒယ်ဲီရဲ့နယ်သာလန်က စံအိမ်ကြီးဆိုရင် သိပ်ကိုကြီးသည်။ ဒီအိမ်ကြီးထက်အဆပေါင်းများစွာကြီးသည်။ အိမ်အကူတွေကလည်းများလွန်းသည်။ဒီမှာတော့ အိမ်အကူနှစ်ယောက်နဲ့ ကျွန်တော်သာရှိသည်။မာမီဆိုတာကလည်း ဘယ်အချိန်က ဘယ်နေရာကိုထသွားမှန်းမသိ။ ဘယ်ချိန်ကဘယ်နေရာမှ ပြန်လာမယ်မသိရသောသူပင်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Tempat cerita menjadi hidup. Temukan sekarang