နှစ်လိုဖွယ်အရုပ်ကလေးရဲ့ ကလေးလေး

6.3K 609 17
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

နှစ်လိုဖွယ်အရုပ်ကလေးရဲ့ ကလေးလေး

မြတ်သွန်းမာန်

ပြက္ခဒိန်ကနေ့စွဲလေးတွေကို ခဲသားနီနီလေးနဲ့ တစ်ရက်ချင်းဆီ ခြစ်ဆွဲနေမိသည်။ တစ်လပြည့်တော့မည်။ အကိုဂျင်ဆီက စာလည်းမလာသလို တစ်ကြိမ်တောင် ဖုန်းမဆက်ပါ။ ကျွန်တော်ဆက်တော့လည်း မကိုင်။

ကိုကိုရယ် ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်ခုတလော နေလို့ထိုင်လို့လည်း မကောင်းဘူးကိုကို ။ ထမင်းလည်းစားလို့မရဘူး။ ရင်ထဲမအိီမလည်နဲ့ ကိုကို။ ကျွန်တော်လေ အချိန်တိုင်း ကိုကို့ကို လွမ်းနေတယ်။

ကိုကိုသိရဲ့လားဟင်။ ကိုကိုကကော ကျွန်တော့်ကို လွမ်းနေမလား သတိကောရရဲ့လားဟင်။ ဘာလို့ မဆက်သွယ်တာလည်းကိုကို။ ပါးပါးတို့နဲ့ မားဝမ်ရီဘင်းဖုန်းဆက်တိုင်း ကိုကိုအကြောင်းကိုမေးဖြစ်ပေမယ့် ကိုကိုက အလုပ်မအားဘူးတဲ့လေ။

ကိုကိုရယ် အလုပ်တွေအရမ်းလုပ်နေတာလား။ ကျွန်တော်နီးစပ်ဖို့အတွက် အဲလောက်တောင် ကြိုးစားနေတာလား။
ကိုကိုရယ် လွမ်းတယ်ဗျာ ကျွန်တော်တို့ နီးစပ်ဖို့ ကိုကိုကြိုးစားနေမှန်း သိပေမယ့် မျက်နာလေးတော့ မျက်နာလေးတော့ ပြပါလားကိုကိုရယ်။

"သားငယ်လေး ဘာဖြစ်နေတာလဲကွယ် တစ်လလုံး မှိုင်ထွေနေတာပဲကွယ်....အစားလည်းမစားဘူး.....အန်နေတာလည်းခနခနပဲ သားငယ်လေး ဆေးခန်းသွားပြကျရအောင်ကွယ်....."

ပါးပါးက ကျွန်တော်ခေါင်းလေးကို ရင်ခွင်ထဲထည့်ကာ ပြောနေတော့သည်။ ပါးပါးရင်ခွင်နွေးထွေးလိုက်တာဗျာ။ နှစ်သိမ့်မူတွေကိုလည်းရပါတယ်။

"မပြတော့ပါဘူးပါးပါး သားနေကောင်းပါတယ်....."

"သား....."

အခန်းထဲကို ဒယ်ဒီအရေးကြီး သုတ်ပြာဝင်လာကာ ပါးပါး(ဝလုံးလေး) ရင်ခွင်ထဲက ပျော့ခွေခွေကျွန်တော့်ကို ဆွဲထုတ်ကာ ကျွန်တော်မျက်နာကို ဒယ်ဒီ(ကိုကို)
က သူ့လက်နှစ်ဖက်နဲ့ ထွေးပွေ့ကိုင်တွယ်ထားသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now