ချစ်သီချင်းလေးတို့ တေးသီသောအချိန်

5.6K 551 9
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

အချစ်သီချင်းလေးတို့ တေးသီသောအချိန်

မြတ်လွန်းမာန်

ဒီနေ့အိမ်မှာ လူစုံနေသည်။ နိုင်ငံခြားကပြန်လာတဲ့ ဦးမင်းတို့စုံတွဲရောက်နေလို့ပင်ဖြစ်သည်။ ဦးမင်းကတော့ ဝှီးချဲလ်ပေါ်ကနေ မထနိုင်တော့ပါ။ ဦးမင်းက ဘိုးလီထက် ၆နှစ်လောက်ငယ်ပြီး ဒယ်ဒီထက် ၈နှစ်လောက်ကျော်ကျော်လောက် ကြီးသည်။

ဦးမင်းအရင်ကတော့ ဦးကျော်လွင်နဲ့အတူ မြန်မာပြည်ပြန်လာတိုင်း ကျွန်တော်တို့ သုံးယောက်အတွက် မုန့်တွေဝယ်လာတတ်သည်။ ဘိုးမင်းလို့ခေါ်ရင်မကြိုက်တတ်။ သူ့ကို ဦးမင်းလို့ပဲ ခေါ်ရမယ်လို့ စတတ်သော ဦးမင်းဟာ ခုတော့ ကျန်းမာရေးအခြေအနေက ဘိုးဘိုးလီထက်တောင် ဆိုးနေသည်။

ပါးပါးနဲ့ဒယ်ဒီတို့ပြောပြဖူးတာတော့ ဦးမင်းက ပညာသေချာမသင်ခဲ့ရတော့ ဒယ်ဒီဆီမှာ အလုပ်မလုပ်ခင် ငယ်ငယ်ကတည်းက အလုပ်ကြမ်းတွေ လုပ်ခဲ့ရတဲ့ ဒဏ်ကြောင့် ခုချိန်မှာ ဘိုးဘိုးလီထက်တောင် ကျန်းမာရေးချို့တဲ့လာရသည်။

ဦးမင်းကိုမြင်တော့ ပညာရေးကဘယ်လောက်အရေးပါကြောင်း သိလာရသည်။ ထို့အပြင် ချို့တဲ့ လူတွေရဲ့ ဘဝက ပင်ပန်းဆင်းရဲကြောင်းနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ပင်ပန်းခဲ့တဲ့ ဒဏ်တွေကို ခံကျရတော့ သူတ်ို့အတွက် စံချိန်ဆိုတာ မရှိသလောက်ဖြစ်ကျသည်။ ထို့ကြောင့် ချို့တဲ့သူတွေကို ဂရုဏာသက်မိသည်။

ဦးမင်းဆန္ဒအရ ညီလေးသွန်းတို့ မင်္ဂလာပွဲတုံး ပါဝင်ခဲ့တဲ့ မိဘမဲ့ ဒေဟာလေးကို မိသားစု စုံညီစွာ လုပ်အားပေးဖို့ ပြင်ဆင်နေကျသည်။ ညီတော်မောင် သွန်းလေးကလည်း မပူတပူဗိုက်ကလေးနဲ့ ကိုကြီးဂျင်ကို မရမကပူဆာကာ သူပါလိုက်ဖို့ပြင်နေတော့သည်။

ဒီကြားထဲ ဟိုအရှူးမလေးကလည်း အိမ်ကိုရောက်နေပြီ လိုက်မယ်တကဲကဲနဲ် တာဆူနေတော့သည်။အဘွားနန်း ဘိုးဘိုးလီရယ် အဘွားဝေရယ်ကတော့ ဦးမင်းကိုကြည့်ကာ သံဝေဂရဟန်တူသည်။ ဒီလုပ်အားပေးပွဲလေးပြီးရင် တရားစခန်းဝင်ဖို့ ပြင်နေကျသည်။ လူသားတွေဆို ပညာယူဖို့ သံဝေဂယူဖို့ နည်းလမ်းယူဖို့ အတုယူဖို့ဆိုတာ ကိုယ်နဲ့သိပ်မဝေးလှပါဘူး။ ကျွန်တော်တို့ဟာ ယူတတ်ရင် နီးနီးလေးသာဖြစ်သည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now