ငါးနှစ်တာ အလွမ်းနဲ့ကြိုးစားနေမူ့

5.2K 518 6
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

ငါးနှစ်တာ အလွမ်းနဲ့ကြိုးစားနေမူ့

ဂျွန်ဒယ်နီ

"သားလေး ငေးငိုင်မနေပါနဲ့တော့သားရယ် ဆယ်တန်းအောင်ပြီလေ ဒယ်ဒီနဲ့အတူ လိုက်ခဲ့ပါလား...."

မစ္စတာဂျွန် သားဖြစ်သူကို ကြည့်ကာ အားမလိုအားမရဖြစ်နေမိသည်။ သားကေိုစိုးရိမ်လို့ မပြန်ပဲမြန်မာနိုင်ငံမှာသာ နေဖြစ်သည်။ ဆယ်တန်းလည်းအောင်သွားပြီဖြစ်ပေမယ့် သားသည်ငေးငိုက်နေတုံးပင် ဖြစ်သည်။

သားဆီက ပျော်ရွှင်မူ့သည် အဘယ့်ကြောင့် ပျောက်ဆုံးသွားရလည်း မစ္စတာဂျွန်သိနေသည်။ သားသည် ထိုကောင်လေးကို အဲ့လောက်တောင် ချစ်မှန်း မစ္စတယဂျွန် သိလာရသည်။ သုံးလေးလအတွင်း သားသည်ပိန်လာသည်။ အရယ်အပြုံးနည်းလာသည်။ စကားလည်းနည်းလာသည်။

တွယ်သည် သားနားကို ကပ်တောင်မကပ်သလို ရှိသည်လို့တောင် မထင်။ သားကို ခုတော့ စိတ်ပြေအောင် ပြောမှဖြစ်တော့မည်။ ကောင်လေးနဲ့သဘောတူကြောင့် မပြောခဲ့ရခြင်းမှာ သားကိုပေါ့ပေါ့လျော့လျော့ မနေစေချင်ပဲ အချစ်ကြောင့်ရတဲ့ ခံစားမူ့တွေကို နားလာ်စေပြီး ရင့်ကျက်စေဖို့ လွှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် အခုသားသည် မိမိထင်ထားတာထက် ပိုပြီး ခံနိုင်ရည်မရှိဟန်တူသည်။ ကုတင်ပေါ်မှာ ထိုင်ကာပြတင်းပေါက်ကိုငေးနေတဲ့ သားအနား မစ္စတာဂျွန် တုတ်ကောက်လေးနဲ့ သွားလိုက်သည်။ အသက်အရွယ်သည် အိုမင်းနေပြီမို့ မစ္စတာဂျွန် ရာဇာကို ဆက်လက်တွန်းလှန်နိုင်ဖို့ အချိန်မရှိတော့။ ထို့ကြောင့် မိမိမျက်လုံးများ မမှိတ်ခင် ကလေးတွေအတွက် တစ်ခုခုလုပ်ပေးခဲ့သင့်သည် လို့သူထင်နေမိသည်။

"သား ဒယ်ဒီကို ကြည့်ပါအုံး...."

သားသည် သူ့ကိုအသက်မဲ့ နေသော မျက်ဝန်းများနဲ့ စိုက်ကြည့်နေသည်။

"ဒယ်ဒီပြောတာ သေချာနားထောင်ပါသားလေး သားနဲ့ခွန်းဆိုတဲ့ကလေးကို ဒယ်ဒီသဘောတူပါတယ်..... ဒါပေမယ့် သားတစ်ခုခုပြန်ပေးရမယ်သားလေး...."

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now