ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2ရွှေဥလေး ပေါက်ချိန်
မြတ်သွန်းမာန်
သိုးမွှေးစလေးကို ကိုင်ကာ စိုးမွှေးထိုးနေမိသည်။ ဗိုက်ထဲက မိမိရင်သွေးအတွက် ကိုယ်တိုင်လုပ်ပေးချင်စိတ်များသည် ကျွန်တော့်ဆီမှာ ဘယ်ချိန်ကတည်းက ကိန်းအောင်းလာခဲ့လည်း မသိပါ။
ကိုကိုနဲ့ကျွန်တော်အတူတူသင်တာ ကျွန်တော်သာတတ်လာခဲ့သည်။ ခူလည်းကလေးအတွက် အင်္ကျီလေးထိုးပေးတာ လက်စသတ်ဖို့ပဲ ကျန်တော့သည်။ ကိုကိုအလုပ်ကပြန်လာလျှင်ပြရမည်။
အိမ်ပေါ်ထပ်ကနေ ဗိုက်ကြီးသည်လေးသည် အောက်ထပ်က လူတွေကို တစ်ခုပြီးတစ်ခု ခိုင်းစားနေသည်။ သူ့ချစ်ယောက်ကျားပြန်မရေယက်မချင်း အိမ်ထဲမှ လူများသည် သူ့လိုင်းသမျှကို တနေကုန် လုပ်ပေးနေရတော့သည်။
တစ်မနက်လုံး တစ်နေ့လယ်လုံး ဟိုမုန့်ဒီထမင်း ဟိုပစ္စည်းနဲ့ တစ်ခုပြီးတစ်ခုကို အပေါ်ကနေ ဖုန်းဆက်ခိုင်းကာ သူကတော့ ဆွယ်တာပန်းဆီရောင်လေးကို ထိုးနေတော့သည်။
သို့သောအိမ်မှလူများက မလူပ်သေးမရှိ။ အဘယ့်ကြောင့်ဆိုသော အိမ်ရဲ့ဆည်းလည်းလေးကို လွယ်ထားရသော ဖခင်လေးမို့ တုံခါနေအောင် ချစ်ကျသည်။ ဘာခိုင်းခိုင်း လုပ်ပေးကျသည်။
ကလေးအတွက် ကျွန်တော်တို့အိပ်ခန်းထဲမှာပင် ပြင်ဆင်ပေးထားသည်။ အရင်က ကျွန်တော်နေခဲ့သော တစ်ယောက်အိပ်အခန်းက ကိုကိုရောက်လာပြီးကတည်းက အနည်းငယ်ကျင်းသွားရသည်။
ခုကလေးအတွက်ပါ နေရာပေးရမည်ဆိုလျှင်မဖြစ်ပိုလို့ပင် ကျင်းသွားရတော့မည်ဖြစ်သည်။ထို့ကြောင့် အကိုလွန်းကို ကိုကိုအရင်ကနေတဲ့ တစ်ယောက်အခန်းဘက်ကိုရွေ့ခိုင်းလိုက်ရသည်။
ကျွန်တော်နဒ့အရင်ကအကိုလွန်းနေတဲ့ပခန်းက အုတ်နရံကို ပန်းရံသမားတွေက တံခါးပေါက်ကျယ်ကျယ်လေး ပြင်ကာ ဖောက်ပေးထားတာကြောင့် နှစ်ခန်းပူးဖြစ်သွားပြီး အတော်လေးကျယ်သွားသည်။
ထိုနှစ်ခန်းကူးရတဲ့အပေါက်ကို တံခါးမတပ်တော့ပဲ အပေါက်အတိုင်းထယးကာ ထိုအခန်းလေးကို ကလေးအတွက် သီးသန့်ပြင်ဆင်ပေးရတော့သည်။ ကျွန်တော်တို့ရဲ့ အဝတ်ဗီဒိုတွေကိုလည်း ထိုအခန်းကိုရွေ့လိုက်ရသည်။ ခုတော့ ထိုင်စရာခုံတွေတောင် ထားလို့ရအောင် ကျွန်တော်နဲ့ကိုကို အခန်းက ကျယ်ဝန်းလာရသည်။
YOU ARE READING
ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2
Fanfictionအမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသားခဲ့သည်။