နေသားကျနေသော လျစ်လျူရှူ့မူ့

5.3K 533 4
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

နေသားကျနေသော လျစ်လျူရှူမူ့

မြတ်ခွန်းမာန်

ဖုန်းဝင်လာတာကြောင့် ကားပေါ်တင်ဖုန်းကိုင်လိုက်တော့ ဒယ်နီဖြစ်နေသည်။

"အင်းဒယ်နီပြောလေ......"

တစ်ဖက်က အသံလေးက သိသိသာသာ တိုးတိတ်နေသည်။

"ခွန်း...."

နာမည်ကိုခေါ်လာတဲ့ သူအသံက တစ်ခုခူဖြစ်နေသလို တုံရီနေသည်။ ငိုနေတယများလား။ လူကြီးတွေရှိတာကြောင့် အသံကိုထိန်းကာ စိုးရိမ်မူ့ကိုမြိုသိပ်ရင်း

"ဒယ်နီ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား....."

"ခွန်းနဲ့ စကားပြောချင်တယ် အိမ်နားကို ခွန်းလာလို့ရလားဟင်......"

တောင်းပန်စွာပြောနေတဲ့ ဒယ်နီကို အားနာလာသလို စိတ်မကောင်းလည်းဖြစ်ရသည်။ အဘယ့်ကြောင့်ဆိုသော မိမိသည် အိမ်နဲ့အတော်ဝေးတဲ့ မိဘမဲ့ဂေဟာလေးကို မိသားစုနဲ့ အတူဦးတည်နေလို့ဖြစ်သည်။

"ဘာပြောစရာရှိလို့လဲ....ကိုယ်အခုအပြင်မှာ....."

"ဟုတ်လား ဒါဆိုလည်းပြီးတာပါပဲ..... "

အသံလေးတိမ်ဝင်သွားတာကြောင့် ရင်ထဲဆစ်ခနဲ နာကျင်သွားရသည်။ ချစ်ရသူစိတ်ဆင်းရဲနေရင်တော့ အားပေးနှစ်သိမ့်ချင်မိသည်။

"ဒီလိုလုပ် ဒယ်နီမင်းလာလို့ရရင် ကိုယ့်တိူ့ဆီလာခဲ့ပါလား ကိုယ်တို့မိဘမဲ့ဝေဟာမှယ လုပ်အားပေးမလို့ မင်းစိတ်ညစ်တာတွေတေယ့ အနည်းငယ်သက်သာ သွားလောက်မှာပါ......"

တစ်ဖက်ကအသံလေးက ခနတာတိတ်ဆိတ်နေပြီးမှ တည်ငြိမ်တဲ့ အသံလေးထွက်လာသည်။

"အင်းခွန်း လိပ်စာပို့လိုက်နော် ပြီးရင် ဒယ်နီလာရင် လာကြိုနော်....."

"ဒါဆို​လာမယ်ပေါ့ ကိုယ်ကြိုနေပေါ့မယ် မြန်မြန်လာနော် လိပ်စာပို့လိုက်မယ်......"

"အင်းပါခုထွက်လာခဲ့မယ်......"

မိဘမဲ့ဂေဟာ လိပ်စာလေးကို မက်ဆေ့ကနေတစ်ဆင့်ပို့ပေးလိုက်သည်။ ပြီးနောက် ခေါင်းခန်းက ပါးပါးနဲ့ဒယ်ဒီကိုခွင့်ပန်သည့်အနေဖြင့်...

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Tahanan ng mga kuwento. Tumuklas ngayon