ပူတူးလေးရဲ့ ဖေဖေနဲ့ဖေကြီးတို့ရဲ့ တွေ့ဆုံမူ့

6.6K 657 10
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

ပူတူလေးရဲ့ ဖေဖေနဲ့ ဖေကြီးတို့ရဲ့ တွေ့ဆုံမူ့

မြတ်သွန်းမာန်

နှစ်လရှိပြီ ကိုကိုပြန်မလာတာ နှစ်လရှိနေပြီဖြစ်သည်။ ကိုကိုကတိမတည်ဘူးနော် ပြောတော့ ကျွန်တော့်ဆီ ပြန်လာမယ်ဆို။ အိပ်ယာထက်ကခေါင်းအုံးလေးမှာတော့ မျက်ရည်စတို့ ညတိုင်းနေတိုင်းအချိန်တိုင်းကို စိုစွတ်နေတော့သည်။

မြတ်သွန်းမာန် မပူသေးပေမယ့် စူနေပြီး တင်းနေတဲ့ ဗိုက်လေးကို အင်္ကျီအပေါ်ကနေ လက်နဲ့အသာကိုင်နေမိသည်။ ကလေးလေး မင်းဖေဖေက ဖေကြီးကို ထားခဲ့ပြီထင်တယ်ကွယ်။ ဖေကြီးသူကိုမျှော်နေတာလေ ဒါပေမယ့်.... ဒါပေမယ့် မင်းဖေဖေက ဖေကြီးကို အဆက်အသွယ်ဖြတ်ထားတယ် ကလေးလေးရဲ့။

မင်းဖေဖေက ဖေကြီးကိုအပျော်ကြံသွားပြီ။ မြတ်သွန်းမာန် စိတ်ထဲမှနေ၍ ပြောနေမိသည်။ မျက်ဝန်းအိမ်မှာလည်း အမြဲတစေ မျက်ရည်စများ ကျဆင်းနေတာကြောင့် ပါးပြင်မို့မို့လေးက ခြောက်သွေ့သွားသည်မရှိ။

အဒေါ်ဝမ်ရီဘင်းကို မနေ့ကမေးလိုက်မိသည်။ အကိုဂျင် သားနေမကောင်းတာ သိရဲ့လားလို့လေ။ ကိုယ်ဝန်ရှိကြောင်းကိုမပြောခိုင်းပဲ နေမကောင်းဘူးလို့သာ ပြောခိုင်းထားသည်က အိမ်ကလူကြီးတိုင်းပင်။

ယောက်ကျားလေးကိုယ်ဝမ်သည်ဖြစ်သလို ကလေးအဖေပါ မပြောတာကြောင့် အားလုံးက မျက်နာပျက်အရှက်မရစေလိုသောကြောင့်သာ ဖြစ်သည်။ ဒေါ်လေးဝမ်ရီဘင်းပြောလိုက်သည့် စကားက ပြန်တွေးတိုင်း မြတ်သွန်းမာန်ရဲ့ နှနယ်တဲ့ နှလုံးသားကို ထပ်ခါထပ်ခါ နာကျင်စေသည်။

သူမပြောသည်က "သားဂျင်ကိုပြောတော့ သူကစိတ်မကောင်းပေမယ့် အလုပ်မပျက်သေးလို့ လာမကြည့်နိုင်ဘူးတဲ့လေ....ဒေါ်လေးဝမ်က အဲကောင် သယကောင်မတွေနဲ့ တွေ့လို့မဝသေးလို့ပဲနေမယ်....မြန်မာပြည်ကပြန်လာတုံးကလည်း အိမ်ကိုသူကောင်မလေး က ဝင်ထွက်နေတာ ခနခနပါပဲ ပြောလို့လည်းမရဘူး.... "  သူမက ဘာမှမဖြစ်သလိုပြောနေပေမယ့် မြတ်စွန်းမာန်ကတော့ လူကြီးရှေ့မငိာမိအောင်အားတင်းထားရင်း သူ့အခန်းပြန်ရောက်မှ အသံမထွက်အောင် ကျိတ်ငိုနေမိသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now