ဘာလို့လဲ.....ဘာလို့လဲကွာ....

5K 517 9
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေး S-2

ဘာလို့လဲ.....ဘာလို့လဲကွာ....

အိမ်ကနေ ကျောင်းမသွားခင် ထမင်းစားခန်းမှာ ထိုင်လိုက်ရသည်။ စိတ်ကကျောင်းကို အမြန်ရောက်ချင်ပေမယ့် စိတ်သွားတိုင်းကိုယ်က သွားလို့မရပါ။

သွန်းလေးကလည်း ဗိုက်ကိုမနေ့က အက်ထဆောင်းပြရင်း သူ့လင်တော်မောင်နဲ့ ညနက်မှပြန်ရောက်တော့ တစ်အိမ်လုံး ဘာလေးမှန်း မသိလိုက်ရတာကြောင့် ကိုယ်တော်တို့ နှစ်ယောက်ဆင်းအလာကို ပါးပါတို့နဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်မျှော်နေရလေသည်။

ဘွားတို့ဘိုးတို့ကလည်း တရားစခန်းဝင်ပြီမို့ မရှိကျ။ မသွားခင်တော့ ညီလေးသွန်းကို ကိုယ်ဝန်နဲ့ဆိုင်တဲ့ နေပုံထိုင်ပုံတွေကို စာနဲ့ပါရေးပြီး မှာသွားရှာသည်။

"သားလွန်း မင်းညီ တို့နိုးကော နိုးသေးရဲ့လား....."

လွန်းကို ဒယ်ဒီက မေးလာသည်။ လွန်းကလည်း

"သားကြားတာတော့ နိုးနေကျပြီထင်တာပဲ စကားတွေပြောသံ ကြားရတယ်...."

"အော်ကိုကိုရယ် ခနလေးစောင့်လိုက်ပါ.....သားခွန်း ရုပ်ကြီးကဘာဖြစ်နေတာလဲ အီးပါချင်လို့ အောင့်ထားသလိုပဲ....."

ဟုတ်သည် အီးပါချင်လို့တော့မဟုတ် သိချင်လွန်းတဲ့ စိတ်ကတဖွားဖွားဖြစ်လာလို့ဖြစ်သည်။ စိတ်မရှည်လို့ ဟိုအပေါ်ကနှစ်ယောက်ကို သောင်းကျန်းရင် ဗိုက်ထဲက ကလေးမျက်နာကြောင့် အောင့်ထားလို့ ခုလိုရုပ်ကြီး ဖြစ်နေရခြင်းဖြစ်သည်။ ပါးပါးကိုသာ အသာလေးပဲပြုံးပြလိုက်ရသည်။

စိတ်ထဲမှလဲ ထိုနှစ်ယောက်ကိုကျိန်ဆဲနေမိသည်။ တော်ခ်ကွာ ဆင်းကိုမလာသေးတာပဲ ငါ့စိတ်ကတော့ ရှည်ချင်နေပြီ ဟိုလူယုတ်မာကြီးကလည်း အသက်ကြီးနေလို့ မသောင်းကျန်းတာ ဟိုစောက်ညီတော်မောင်ကလည်း ဗိုက်ထဲမှာ တူလေးလားတူမလေးလား မသိတဲ့ ကလေးရဲ့ မျက်နာကြောင့် ဟွန်းဟွန်း.....ငါ့စိတ်တေ​ွ ရှည်ချင်တယ် ရှည်ချင်တယ်.....။


ဆင်းလာပါပြီ ဗိုက်ဖုံးအင်္ကျီမဟုတ်ပေမယ့် ဟိုလူကြီးဂျင်ရဲ့ အင်္ကျီ အပွကြီးကောက်စွတ်ထားတဲ့ ဗိုက်ကြီးသည်လေး သူ့ယောက်ကျားလက်မောင်းကိုမှီပြီး လေးလေး လံလံလေး ဆင်းလာပါပြီ။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now