ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2အောင်မြင်မူ့နဲ့ဆို သားကိုပေးပေါ့မည်
ဆွေဇင်ငြိမ်း
ဒီနေ့ ကျောင်းပိတ်ရက်မို့ စာမေးပွဲ ဖြေခန့်နှီးနေတာတောင် ခွန်းအခြေအနေ မဟန်ဘူးဆိုတာကြောင့် လွန်းအိမ်သို့ အမြန်သွားရသည်။
လွန်းဖုန်းဆက်တုံး ခွန်းက တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေတယ် ဒယ်နီနဲ့လည်း အဆင်မပြေဘူးလို့ ပြောလာသည်။ စားမေးပွဲနားနီးပြီမို့ ခွန်းကိုအားပေးချင်တာတစ်ကြောင်း သွန်းလေးရဲ့ ဗိုက်ပူပူလေးကို မြင်ဖူးချင်တာကတစ်ကြောင်း ကြောင့် လွန်းအိမ်သို့ အမြန်ဒိုးရတော့သည်။
အမေနဲ့အဖေကို ခွင့်တောင်းကာ အိမ်က ကားနဲ့ လွန်းကိုထွက်လာခဲ့သည်။ တကယ်တော့ လွန်းဆိုတဲ့ နေနိုင်လွန်းသူကြီးကို တွေ့ချင်တာလည်း ပါသည်။ လွန်းကို လွမ်းမိတာကြောင့်လည်းပါသည်။ ကျောင်းက စာမေးပွဲနားနှီးပြီမို့ မတတ်ကျတော့တာကြောင့် လွန်းနဲ့ တွေ့ဖို့ရာ လွန်းမျက်နာကို မြင်ဖို့ရာ သိပ်ကို ခက်ခဲလာလို့ဖြစ်သည်။
လွန်းအိမ်ရောက်တာနဲ့ သူ့အိမ်ပေါ်ပြေးတတ်သွားကာ မျက်လုံးကို ဝေ့ကြည့်လိုက်မိသည်။ တစ်အိမ်လုံး လူသူကင်းမဲ့ သလိုတိတ်ဆိတ်နေတော့သည်က လူမနေသောအိမ်တစ်လုံး သဖွယ်ဖြစ်နေသည်။
"ပါးပါးသွန်းရေ ဒယ်ဒီခွန်းရေ.....လွန်းရေ.... သားလေးသွန်းရေ..... "
ညာသံပေးကာ ခေါ်နေမိတုံး နောက်ကနေအသံထွက်လာတော့ တစ်ကိုယ်လုံးတုံတတ်သွားရသည်။ အသံကား
"လွန်းမရှိဘူး....ဗိုက်ကလေးကို ဆေးခန်းသွားပြပေးနေတယ်.....ပါးပါးက အိပ်နေတယ် ဒယ်ဒီက အလုပ်သွားတယ်....."
ခွန်း ကိုနောက်လှည့်ကြည့်မိရင် ကိုယ့်မျက်နာတောင် ကိုယ်မယုံနိုင်။ အမြဲသေသပ်ကာ စမတ်ကျသောခွန်းသည် မျက်လုံးရှေ့မှ ခွန်းနှင့် လားလားမျှ မသက်ဆိုင်။ဆံပင်တွေက ဖွာလံကျဲနေသလို မျက်ကွင်းညိုညိုနဲ့ ပန်ဒါတစ်ကောင်လိုဖြစ်နေသည်။
"ဘာလာလုပ်တာလဲ...."
လေသံမာမာနဲ့ အရင်ကလို ပြောနိုင်ပုံကြည့်ရင်တော့ သိပ်တော့ အခြေအနေ မဆိုးဘူးထင်သည်။
YOU ARE READING
ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2
Fanfictionအမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသားခဲ့သည်။