ကျွန်တော်လည်း နာကျင်ရပါသည်

5K 503 11
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

ကျွန်တော်လည်း နာကျင်ရပါသည်

ဂျွန်ဒယ်နီ

ခွန်းနဲ့ ဖုန်းပြောပြီးတာနဲ့ အိပ်ယာပေါ်ကို လူးလွန့်ကာ လှိမ့်နေမိသည်။ ခုန်နေသောရင်အစုံကို လက်နှစ်ဖက်နဲ့ အသာဖိကာထားမိသည်။

သိပ်မခုန်ပါနဲ့လား သူ့ကြောင့်ခုန်လွန်းလို့ ငါမောနေပြီလေ ကြာရင်နှလုံးရောဂါရတော့မှာပဲ။ စိတ်ထဲ ခပ်တိုးတိုးရေရွတ်မိသည် သက်ဆိုင်သူတော့ မကြားပါ။

အဖြူရောင်မျက်နာကျပ်ကြီးကို စိုက်ကြည့်နေတော့ ခပ်ဖွဖွအပြုံးနဲ့ စူးရှရှအကြည့်ပိုင်ရှင် သူ့မျက်နာက မျက်လုံးထဲ မြင်ယောင်လာမိသည်။ ချောမောတဲ့ သူ့မျက်နာက မျက်ဝန်းအိမ်မှာ စွဲကျန်နေတော့သည်။

ခဗျားကြောင့် အမြင်တွေမှားနေပြန်ပြီ ဟုထပ်မံစိတ်ထဲရေရွတ်မိသည်။ မနက်ဖန်အဖြေဘယ်လိုပေးရမလဲ တွေးနေမိလေ ရင်ခုန်မိလေဖြစ်သည်။

"ကျွန်တော်....ခွန်းကို....ချစ်ပါတယ်....ဟီ့.... အားးးယားးးး ရှက်စရာကြီး...ဟီ့....."

တယောက်တည်း ပြောကြည့်လေ ကြက်သီးတွေ ဖြန်းခနဲထလာမိသည်။ ဘယ်လိုပြောရမလဲ စူးစူးကြီးကြည့်နေမယ့် သူ့အကြည့်တွေ ခံနိုင်ပေါ့လေမလား ကျွန်တော်မသိ။

"Ohhhh.....my....ခွန်း.....love you....."

ပါးစပ်မှအသံထွက်အော်လိုက်မိသည်။ အော်ပြီးမှ ရှက်လွန်းလို့ မိမိမျက်နာကို လက်နဲ့ အုပ်လိုက်ကာ မနက်ဖန်အတွက်အရှက်သည်းနေမိသည်။

တစ်ခန်းလုံးအသံကို ဟိန်းထွက်သွားသည်က မာမီအသံတစ်ခု ထွက်ပေါ်လာသည်။ကျွန်တော်သည် ထိုအသံကြားမှ ရင်တစ်စုံသည် ချစ်ခြင်းကြောင့် ခုန်ခြင်းမဟုတ်ပဲ ကြောက်လန့်ခြင်းကြောင့် ခုန်လာသည်။
မာမီအော်ပြောလိုက်သည်က

"Oh my Khun....Khun...ဟုတ်လား ဒယ်နီ..."

ကျွန်တော်ကုတင်ပေါ်က ချက်ချင်းထထိုင်လိုက် မာမီ့မျက်နာကိုမရဲတရဲ ကြည့်လိုက်မိသည်။မာမီမျက်နာ အံကိုတင်းတင်းကျိတ်ထားသလို ပြည့်တင်းနေသော မာမီ့နူတ်ခမ်းပါးတို့မှ တင်းကျပ်စွာ စေ့ထားသည်။ မျက်မှောင်ကျုံထားသော မျက်ခုံးတန်းတန်းအောက်တွင် တောက်ပသော မာမီ့မျက်လုံးတစ်စုံ စူးရဲစွာ ကျွန်တော့်အား စိုက်ကြည့်နေသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now