ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2ငါးနှစ်စာ အတိုး
မြတ်ခွန်းမာန်
ကုမ္ပဏီအလုပ်ကို ဆယ်တန်းအောင်တာနဲ့ တန်းလုပ်ခဲ့ရသည်။ ကြားထဲကွန်ပြူတာသင်တန်းတတ်လိုက် စီးပွားရေးတက္ကုသိုလ်က ပြေးတတ်လိုက်နဲ့ ဒေါင်ချာစိုင်းနေတော့သည်။
ဒယ်ဒီကမ္ပဏီမှယ အောက်ခြေစာရင်းပိုင်းဝန်ထမ်းကနေ စပြီးလုပ်ရသည်။ ဘယ်သူမှ ဒယ်ဒီသားဆိုသက်ညှာတာမရှိဘဲ အကုန်ခိုင်းတာကြောင့် နှစ်ကြာလာတာနဲ့အမျှ ကျွန်တော့်မှာ အောက်ခြေဝန်ထမ်းပိုင်းတွေမှယ အတော်ကို ကျွမ်းကျင်လာရသည်။
တစ်နှစ်တစ်ခါ ရာထူးတိုးကလည်း ဝင်ဖြေရသေးသည်။ ဒယ်ဒီသည် ကမ္ပဏီမှ တစ်နှစ်ပြည့်သူတိုင်းကို စာမေးပွဲပုံစံလုပ်ငန်းအတွေ့အကြံတွေကို ဖြေခိုင်းပြီးအောင်မှ မျှမျှတတ တိုးပေးသည်။
ကျွန်တော့်ရဲ့ ကြိုးစားမူ့ကြောင့်လည်း ဝန်ထမ်းဘဝကနေ ငါးနှစ်အကြာမှ မန်နေဂျာရာထူးကို အမြန်ဆုံးတတ်သွားနိုင်သည်။ ဒီကစ္စနဲ့ ပတ်သတ်ပြီး ဘယ်နှစ်ကြီးသမားမှ မဝေဖန်ကျ ဘာလို့လည်းဆိုတော့ စာမေးပွဲတိုင်းကို ကျွန်တော်သည် အကောင်းဆုံးအများဆုံးအမှတ်နဲ့ပဲ အောင်ခဲ့လို့ဖြစ်သည်။
စစအလုပ်လုပ်ချင်းကများ ကျွန်တော့်မှာ အမှားတွေ အတော်များသည်။ ပြသာနာတွေအတော်ဖြစ်ရသည်။ အမှားများလေ အမုန်မြင်လေဆိုတိုင်း အမှားတွေကို ဘယ်လိုမှားတတ်တယ်ဆိုတာသိလာရတော့ အမှန်ကို ရောက် ရှောင်သွားတတ်လာရသော အတွေ့အကြံသည် ကောင်းသောအတွေ့အကြံဖြစ်သည်။
မန်နေဂျာအခန်းက သီးသန့်မို့ ကျွန်တော်အခန်းမှယ စာရင်းများစစ်အပြီး ပင်ပန်းတာကြောင့် ခနမှေးနေလိုက်ရသည်။ တစ်ဆင့်ခြင်းစီတတ်တာဟာ ပင်ပန်းလွန်းလှပေမယ့် အခြေခိုင်သည်။
အဆင့်တွေကျော်ပြီး ကျွန်တော်ဟာ မိုးကျရွှေကိုယ် လုပ်လိုက်မယ်ဆိုရင် ဒယ်ဒီမရှိတဲ့နောက်ပိုင်း ပြသာနာတွေအောင်ခြေမှာ တတ်ခဲ့ရင် ကျွန်တော်ဟာ ဗျာများနိုင်မည်ကို တွေးနေမိသည်။
YOU ARE READING
ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2
Fanfictionအမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသားခဲ့သည်။