အယ်ဘန်နှစ်ချပ်နဲ့ ပထမဆုံး ဖုန်းသံလေး

7.7K 674 22
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

အယ်ဘန်နှစ်ခုနဲ့ ပထမဆုံး ဖုန်းသံ​လေး

မြတ်လွန်းမာန် သီချင်းအယ်ဘန်တွေ ထားတဲ့စင်လေးတွေနားကို ရောက်လာခဲ့သည်။ သူအတွက်သီချင်းတွေက ပျော်စရာကောင်းသော သူငယ်ချင်းဖြစ်သည်။

ဝမ်းနည်းတဲ့ အချိန်မှာ ဂီတဟာ မိမိနဲ့အတူ ဝမ်းနည်းမူတွေကိုနှစ်သိမ့်ပေးတတ်သည်။ လွမ်းမောနေတဲ့အချိန်ဆိုရင် အထီးကျန်မူအစား အဖော်ပြုပေးပြန်သည်။ လဲကျသွားချိန်တိုင်းလည်း ပြန်ထဖို့ အားတွေပေးတတ်သည်။ ဂီတဟာ လူသားတွေအတွက်တော့ အားဆေးတစ်ခုလိုပဲ လို့ မြတ်လွန်းမာန် ယုံကြည့်ထားသည်။

သူ သီချင်းတွေရွေးနေမိသည်။ သူအကြိုက်ဆုံးအဆိုတော်ဖြစ်တဲ့ GDရဲ့ သီချင်းအသစ်ကို ရှာနေမိသည်။ GDကိုသဘောကျတယ် သူဆိုသမျှနားမလည်ပေမယ့် သူရဲ့စတိုလ် သူရဲ့ပုံစံ သူရဲ့ အရည်အချင်းကို သဘောကျသည်။

သူ့သီချင်းတွေကို ဘာသာပြန်ထားတဲ့ အခါ စာသားတွေ မိမိုက်နေပြန်သည်။ မြန်မာမှာဆိုရင်တော့ စိုင်းစိုင်း နီနီခင်ဇော် ကိုကြိုက်တယ် စိုင်းစိုင်းဆိုတာကလည်း သက်တမ်းတစ်ခုအကြာ ရပ်တည်နိုင်ဆဲ လူတစ်ယောက်လေ ငယ်ငယ်လေးထဲက ရင်နှီးလာတဲ့သီချင်းတွေလည်း ရှိခဲ့တယ်။

ငယ်ငယ်က ပါးပါးနဲ့ဒယ်ဒီက စိုင်းစိုင်းရဲ့ တော်ဂေါ်လီဖွင့်ပေးထားတာကို တင်လေးတွေလှုပ်ပြီးကနေတဲ့ အမြွှာသုံးယောက် ဗီဒီယိုကို ပြန်ကြည့်တိုင်း သုံးယောက်လုံးရှက်ကျရသည်။

နီနီခင်ဇော်ဆိုလျှင်လည်း အသံပါဝါကောင်းတဲ့ အဆိုတော်တစ်ဦးဖြစ်ပြန်သည်။

ကျွန်တော်က တက္ကသိုလ်လတ်လတ်ရဲ့ နှင်းဆီမလေးအချစ်ပုံပြင်တို့ မြန်မာပြည်သိန်းတန်ရဲ့ ကလောမြို့လေးတို့ကို ကြိုက်သည်။တစ်ခါတစ်လေ နတ်တေးတို့ သီချင်းကြီးတို့ မှန်နန်းရာဇဝင်တို့ကိုတောင် နန်းထောင်တတ်သေးသည်။

မြန်မာဆန်ဆန်သီချင်းတွေလည်း နားထောင်တတ်ပေမယ့် မြန်မာမကျ ဒီဘက်ခေတ်မကျတဲ့ ကပြားကြားခွသီချင်းတွေကိုတော့ နည်းနည်းလေးမှ အားမပေးပါ။ အဲ့လိုသီဆိုတဲ့ လူတွေကို စော်ကားတာမဟုတ်ပေမယ့် မြန်မာလည်းမဆန် ဗိုလ်လည်းမဆန်တဲ့ သီချင်းတွေကို အပေါစားတစ်ခုလိုသာမြင်မိတာတော့ မြတ်လွန်းမာန်လည်း မတတ်နိုင်ပါ။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now