ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2နှစ်လိုဖွယ်အရုပ်လေးနဲ့ တရုတ်ကြီးရဲ့ မင်္ဂလာဆောင်
လီဂျင်
တရုတ်ကပြန်လာပြီးက ကျွန်တော့်ရဲ့ နှစ်လိုဖွယ်အရုပ်လေးက အနားကနေမခွာတော့ပါ။ အရမ်းလည်းချွဲတတ်လာသလို အရမ်းပူဆာတတ်လာသည်။ ဗိုက်ကလေးကခုတော့ လူပျိုဗိုက်လေးမို့ အနည်းငယ်ပူထွက်နေသည်။
တစ်ခုခု ဝယ်ကျွေးခိုင်းရင်လည်း အဲ့ဒီဗိုက်လေးကို ပွတ်ကာ ပူဆာတတ်လာသည်။ ခုလည်း ရေချိုးခန်းမှယ ခနလေးရေချိုးပါရစေဆိုတာ ရေစိမ်တာတစ်မီနစ်တောင်မပြည့်သေးဘူး အပြင်ကနေ ခပ်စူစူခပ်စာစာအသံလေးက ကြားလာရပါပြီ။
"ကိုကိုရေ ကလေးအဖေကြီးရေ ကြာတယ်ဗျာ.....မြန်မြန်လုပ်လို့ ကိုကိုရေ......"
ကျွန်တော်မှာရေစိမ်လက်စနဲ့ အမြန်အော်ပြောလိုက်ရသည်။ အော်ပြီးမထူးရင် ထိုအရုပ်လေးက မထူးလို့စိတ်ကောက်အုံး် စိတ်လည်းအခုချိန်မှာ အရမ်းကောက်လာတတ်သည်။
အင်းပေါ့ဗျာ သူလည်း ကိုယ်ဝန်နဲ့ဆိုတော့ အားငယ်မှာပေါ့။ ကျွန်တော်နားလည်ပါသည်။ ကျွန်တော်ကအဲလိုအချွဲအဲ့လိုအကပ်လေးတွေကို ပိုလိုလားသူဆိုတော့လည်း တပြုံးပြုံးနဲ့ပေါ့။
ရေချိုးပြီးရင် မင်္ဂလာပွဲအတွက် ဝတ်စုံရွေးရအုံးမည်ဖြစ်သည်။ ထို့ကြောင့်အမြန်ရေစိမ်တာ ဖြတ်လိုက်ကာ ထလိုက်ရသည်။နှသ်လိုဖွယ်အရုပ်လေးကို ကျွန်တော်ပိုင်သည်ဆိုတာ တလောကလုံးကို ဒီမင်္ဂလာပွဲမှာ သတ်သေပြရမည် ဖြစ်သောကြောင့်ဖြစ်သည်။
သို့ပေမယ့်ဘစီစဥ်နေတာ ဦးလေးခွန်းတို့ပါးသွန်းတို့ လူကြီးတွေသာသိကျသည်။ ကျွန်တေယ်က လျှိုဝုက်ထားစေခြင်းဖြစ်သည်။
"ကိုကိုကလည်းဗျာ ကြာလိုက်တာ ရေမချိုးတာ တစ်နှစ်တောင်ရှိနေပြီလားမသိဘူး..."
အပေါ်ပိုင်း ဗလာနဲ့ ခင်ပွန်းသည်ကလေးပဖေကို မြတ်သွန်းမာန် မျက်နာထားဆူပုတ်ပုတ်ဖြင့် အဝတ်ခေါက်ရင်း ကျိန်းနေတော့သည်။
နှစ်လိုဖွယ်အရုပ်ကလေးအနား ရေသုတ်ရင်း ကျောပေးထားတဲ့ သူလေး ပုခုံးတင်းတင်းလေးအပေါ် မေးဖျားကိုတင်လိုက်ချိန် အမြဲတမ်းစွတ်တတ်တဲ့ သးလေးရဲ့ ရေမွေးနံလေးပါးပါးလေးနဲ့ ကိုယ်သင်းနံမွေးမွေးလေးကို ခပ်ပြင်းပြင်းနာခေါင်းနဲ့ထိကပ်ကာရှူလိုက်သည်။
YOU ARE READING
ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2
Fanfictionအမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသားခဲ့သည်။