အပိုင္း ၁/အပိုင်း ၁

153K 5.8K 213
                                    

Unicode

"ငါသေချင်တယ် နှောင်ကြိုးရယ် ငါဒီရပ်ကွက်ထဲ ဘယ်လို မျက်နှာပြရမလဲကို မသိတော့ဘူး"

စက်ခုံပေါ်ထိုင်ပြီး တရှုပ်ရှုပ်ငိုနေတဲ့ မိခင်ကြောင့်
ကိုယ်လက်မအီမသာဖြစ်လို့အိပ်ယာထဲ လှဲနေတဲ့ နှောင်ကြိုး မထချင်ထချင်နဲ့ အမေ့အနားထလာသည်။

"အမေရယ် ဘာလို့ ငိုနေရတာလည်း အရာအားလုံးက
သူ့အကြောင်းနဲ့ သူဖန်လာတာကြီးပဲ ဒီကိစ္စကို
သူ့ကိုပြောပြလိုက်ရင် သူတစ်ခုခုတော့ စီစဉ်ပေးမှာပါ"

ဘာမှအမျှော်အမြင်မရှိသလို သိတတ်နားလည်မှုလည်းမရှိတဲ့ ကောင်စုတ်လေးကို
စိတ်ရှိလက်ရှိထုရိုက်ပစ်မိသည်။

"အားးးအမေ့ နာတယ် အထဲက ကလေးပါ နာ‌သွားမယ်လေ"

သူ့ဗိုက်လေးသူပွတ်ပြီး တီးတိုးဆိုသည်။မိခင်ဖြစ်သူလည်းကိုကြောက်ရသလို
ကလေးကိုလည်း ကာကွယ်ပေးချင်သည်။

"နင်အခုဘယ်လိုလုပ်မလဲ အဲ့အကောင်က တာ၀န်မယူရင် နင်အဲ့ကလေးကို
ဖျက်ချမှာလား"

"ဟာ အမေ့ တိုးတိုးပြောလေ ကလေးကြားရင်
အမေ့ကို ဘွားဘွားကလူဆိုးကြီးလို့ ထင်သွားလိုက်မယ်
ဖျက်မချပါဘူးနော် ကလေးနော် "

သူ့ဗိုက်လေးသူပွတ်ပြီး မျက်လုံးပြူးမျက်ဆံပြူးနဲ့ ငြင်းရှာသည်။ကလေးဘ၀ထဲက ဖြူဖြူသေးသေးလေးမို့
အခြောက်ကလေးဆိုပြီး အစခံရတယ်။မွေးလာထဲက ကော်ပတ်ရုပ်လေးလို ရုပ်အဆင်းနဲ့မို့ မြင်သူတိုင်းက
မိန်းကလေးလို့တောင်ထင်ရသည်။သွားလေသူ
ဖခင်က အချစ်ပိုပြီး နှောင်ကြိုးဟူသော အမည်နာမကို
ပေးသွားသည်။

နှောင်ကြိုးဘ၀မှာထူးထူခြားခြားကောင်းမွန်တာဆိုလို့
ရုပ်ရည်သာရှိသည်။ပညာရေးမှာလည်း ပါရမီမပါလို့
ရှစ်တန်းနဲ့သာကျောင်းထွက်လိုက်ရသည်။
ကျောင်းထွက်ရလို့လည်း ၀မ်းလည်းမနည်းသလို
စိတ်မကောင်းလည်းမဖြစ်ရှာ။ သူရေးတတ် ဖတ်တတ်တာပဲ ဒီလောက်နဲ့ပဲ ကျေနပ်ပါသည်တဲ့။
မပြည့်စုံမှုတွေကြား ကြီးပြင်းလာသူမို့ ဘယ်အရာကိုမှ
ယိုးမယ်မဖွဲ့တော့ပါ။

မိခင်ဖြစ်သူ စက်ချုပ်လို့ရတဲ့ ပိုက်ဆံနဲ့ မလောက်ငှ၍
အပြင်အလုပ်ရှာသော်လည်း ပညာအရည်ချင်းက
မပြည့်၀သဖြင့် ဘယ်မှာမှ အလုပ်မရှာရပေ။နောက်ဆုံး
ရပ်ကွက်ထဲက ဒရိုင်ဘာဦးလေးကြီး အကူအညီနဲ့
သူ့သူဌေးအိမ်မှာ အိမ်အကူလုပ်ရသည်။

သံယောဇဉ်နှောင်ကြိုးWhere stories live. Discover now