Unicode
မိခင်နဲ့ ခွဲစမရှိတဲ့ ကလေးမို့လားမသိ သားကတစ်စက်မှမနေ။ချော့လို့လည်းမရပဲ ငိုမြဲငိုနေသည်။ငိုလို့ဝသွားရင် ခဏအိပ် အိပ်ယာကနေ နိုးလာရင်ပြန်ငိုနဲ့ သံသရာလည်နေသည်။
"ဦးငယ် ကလေးက ဘာလို့ အဲ့လောက်ငိုနေတာလဲ
မချော့ဘူးလား"ညသန်းခေါင်အချိန်ကြီး အိပ်ချင်မူးတူးနဲ့ထလာပြီး
ဆောင်းဦးစေတန် ရှုံ့မဲ့နေသည်။တစ်ပတ်တောင်ရှိပြီ
အမြဲ ငိုပြီး အီနေတာ။တစ်အိမ်လုံး ဘယ်သူမှ အိပ်ကောင်းချင်းမအိပ်ရ စားကောင်းချင်းမစားရမို့
လူရုပ်တွေတောင် မပီချင်။"ချော့တာပဲကွာ သူ့အမေကို လွမ်းလို့လားမသိပါဘူး"
ယောကျာ်းကြီးတန်မဲ့ မျက်ရည်လည်ချင်သည်။သားက
အဲ့လောက်ထိ မငိုတတ်သည့်ကလေးမို့ ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိပေ။ကိုယ်တိုင်လည်း အလုပ်တောင်မသွားနိုင် အမြဲချီပြီးချော့နေရသည်။"ပေး ကျွန်တော့်ကို ဦးငယ်လည်း အိပ်အုံး ဦးငယ်လဲသွားရင် ဒီအကောင်ပေါက်ကို ထိန်းကြောင်းမဲ့ သူရှိမှာ မဟုတ်ဘူး"
ထိန်းပေးမယ်ဆိုကာ ကလေးတောင်းတဲ့ ဆောင်းဦး
လက်ထဲကို ထည့်ပေးလိုက်သည်။သူလည်း ခဏလောက်ဖြစ်ဖြစ် နားချင်ပါသည်။မအိပ်ရ မစားရနဲ့
ပင်ပန်းနွမ်းနယ်နေသည်။ပထမဆုံးအကြိမ် ဦးငယ်သားကို ပွေ့ချီလိုက်တော့
ငိုနေတဲ့ကလေးက လက်အပြောင်းအလဲကြောင့်လားမသိ သူ့မျက်နှာကို
သေချာကြည့်နေသည်။ကလေးတွေနဲ့ မနေဖူးသည်မို့
ဘယ်လို ထိန်းပြီး ချော့ရမှန်းမသိ။"မင်းဘာလို့ အဲ့လောက်တောင် ငိုနေတာလဲ
နောက်မငိုနဲ့နော် မင်းငိုရင် ငါမင်းအဖေမသိအောင်
မင်းကို တိတ်တိတ်လေး သွားလွှင့်ပစ်မှာ"ကလေးငိုသံကြောင့် အိပ်မပျော်တော့တဲ့ ဘုန်းဉာဏ်
ရေဘူးထွက်ယူတုန်း သူ့တူကို တိတ်တိတ်လေး
လွှင့်ပစ်မယ်ဆိူသူကြောင့် ဒေါသထွက်သွားရသည်။
အမိမဲ့သားအဖြစ် ကြီးပြင်းလာရမဲ့ သူ့တူကို
လေကြမ်းကြမ်းတိုက်ရင်တောင် မကြိုက်ချင်။
အခု ဒီလူက လွှင့်တောင်ပစ်အုံးမယ်တဲ့ ။ လွှင့်ပစ်ရအောင် သူ့တူက ဟင်းရွက်ကန်စွန်းမှ မဟုတ်တာ။
ESTÁS LEYENDO
သံယောဇဉ်နှောင်ကြိုး