အပိုင်း ၃၃/အပိုင္း ၃၃

46.2K 3.6K 270
                                    

Unicode

"ဆောရီးးး ညက အိပ်ယာဝင်တာ နောက်ကျသွားလို့
တို့ နည်းနည်း နောက်ကျသွားတယ်"

နံနက်စာစားချိန် မီးဖိုခန်းထဲဝင်လာသူကို အားလုံး
စားလက်စ ကို ရပ်ပြီး ငေးကြည့်နေကြသည်။ရှပ်အကျီ
အဖြူ အပွအရှည်ကြီးကို ဘောင်းဘီအတိုလေးတစ်ထည်နဲ့သာ ဝတ်ဆင်ထားပြီး
အပေါ်ကြယ်သီး သုံးလုံးလောက်ဖြုတ်ထားသည်။
ဖြူဖွေး နုဖတ်နေသည့် ရင်ဘတ်က နှောင်ကြိုးကို
တောင် တံတွေးမြိုချစေသည်။

"အဆင်ပြေရဲ့လား"

"ခေါင်းပဲ နည်းနည်းကိုက်တာပါ ယူရဲ့"

မျက်လုံးတစ်ဖက်မှိတ်ပြပြီး ဆောင်းဦးစေတန်ရဲ့ ဆံပင်ကို လက်ချောင်းတွေနဲ့ ထိုးမွှလိုက်ပြီး ခေါင်း
ကို ငုံ့နမ်းလိုက်သည်။

"အားးးးး မွှေးနေတာပဲ"

"မင်း daddyသာမြင်ရင် ‌မင်းကို ဒေါသထွက်ပြီး
မူးမေ့လဲသွားလောက်မယ်ထင်တယ်"

နှစ်ယောက်တည်း တဟားဟားနဲ့ ရယ်မောနေပေမဲ့
စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြည့်က
ဇွဲဒီပ ထံတွင်သာ။‌ခြေထောက် တစ်ချောင်းပေါ်
တစ်ချောင်းဆင့်ပြီး ထိုင်နေတဲ့ သူရဲ့ ကော်ဖီခွက်ကိုင်ပြီး
တဖြေးဖြေး သောက်နေပုံအစ အကြည့်မလွဲချင်စရာ။

"ဦးငယ်လို့ပဲ တို့လည်း ခေါ်မယ်နော် ရတယ်မလား"

ရုတ်တရက် သူ့ကို ကြည့်ပြီး မေးလာသူကြောင့်
နိုင်ဦးစေတန် ယောင်ယောင်မှားမှားနဲ့ ခေါင်းညိတ်မိသည်။

"ဒီပ ငါဒီနေ့ အလုပ်သွားမှာ မင်းအိမ်မှာနေခဲ့လို့
ဖြစ်တယ်မလား"

"မဖြစ်စရာလား အိမ်မှာ နှောင်ကြိုးနဲ့ ကလေးနှစ်ယောက်တော့ ကျန်ခဲ့မယ်မလား"

နှောင်ကြိုးဘက်လှည့်လာသည်မို့ ခေါင်းညိတ်ပြလိုက်မိပြန်သည်။

"သားသားတို့ ကိုကိုးနဲ့ဆော့မယ်မလား "

"ဆော့မယ် ဆော့မယ်"

အဆော့မက်သည့် မျောက်မူးလဲနှစ်ကောင်က
အားရဝမ်းသာနဲ့ လက်ခံသည်။အလုပ်အသီးသီး
ထသွားချိန်မှာ ကလေးနှစ်‌ယောက်နဲ့အတူ
အပေါ်ထပ်ကို ဒီပလိုက်တက်လာလိုက်သည်။

သံယောဇဉ်နှောင်ကြိုးTempat cerita menjadi hidup. Temukan sekarang