အပိုင်း ၄၁/အပိုင္း ၄၁

50.9K 3.5K 128
                                    

Unicode

မီးဖိုထဲ ကုန်းကုန်းကွကွနဲ့ ချက်ပြုတ်နေသူကြောင့်
အိပ်မှုန်စမွှားဖြစ်နေတဲ့ နှောင်ကြိုး မျက်လုံးတွေ ပြူးကျယ်သွားရသည်။

"ခင်များ ဘာလုပ်နေတာလဲ"

သူ့အသံကြောင့် နိုင်ဦး လှည့်ကြည့်ပြီး ရယ်ပြသည်။

"မင်းတို့သားအဖတွေ အိပ်ယာကနိုးရင် အဆင့်သင့်စားလို့ရအောင် ကိုယ်မနက်စာ ချက်ပေးနေတာ လာလာ ဒီမှာထိုင်ပဲကြည့်နေ"

နှောင်ကြိုးကိုလက်မောင်းနှစ်ဖက်ကနေ ဆွဲခေါ်လာပြီး
ထိုင်ခုံမှာပဲ ထိုင်ခိုင်းလိုက်သည်။အေပရွန်ကြီးဝတ်ပြီး
မနက်စာပြင်နေတဲ့ နိုင်ဦးစေတန်ကို နှောင်ကြိုး
ကြောင်ကြည့်နေမိသည်။

"သားတို့ နိုးနေလောက်ပြီလား"

လက်ဖက်ရည်ခွက်ကို လာချပေးပြီး နှောင်ကြိုးကို
မေးလိုက်သည်။

"အခုဆို နိုးလောက်ပြီ ထင်တာပဲ "

"အဲ့တာဆို ကိုယ်သွားပြီး မျက်နှာသစ် ကိုလက်သုတ်သင်ပေးလိုက်အုံးမယ် ‌ဒီလက်ဖက်ရည်လေး သောက်ပြီ စောင့်နေနော်"

နိုင်ဦးစေတန် အေပရွန်ကိုချွတ်ပြီး အပေါ်ထပ်က
နှောင်ကြိုးတို့ သားအဖခန်းကို ပြေးတက်သွားလိုက်သည်။နှောင်ကြိုးမှာလည်း
ဒီနေ့အထူးအဆန်းတွေကြီးပဲ လုပ်နေတဲ့ နိုင်ဦးကို
အံ့ဩမဆုံး ဖြစ်နေသည်။

"daddy.....ကယ်ကယ်"

ကလေးနှစ်ယောက်သူ့ကို တွေ့တာနဲ့ အားရဝမ်းသာ
အိပ်ယာပေါ်ကနေ လှမ်းခေါ်သည်။

"Daddyသားတွေက နိုးနေကြပြီလား ဒီနေ့
daddyက သားတို့ကို မျက်နှာသစ်‌ေပးမယ် ပြီးတော့
သားတို့အကြိုက် ပါမုန့်မီးကင်ထားတယ် ခင်ဗျာ"

ပျော်ရွှင်စွာ အော်ဟစ်နေတဲ့ ကလေးနှစ်ယောက်ကို
တစ်ယောက်ကို တစ်ဖက်စီ ခါးထစ်ခွင်ပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ချစ်စရာကောင်းတဲ့
သွားပွတ်တံလေးသုံးခုက စီစီရီရီပင်။အကြီးတစ်ခုနဲ့ အသေးနှစ်ခုက အရောင်တစ်ခုထဲပင်။

"ကဲ သွားတိုက်ကြမယ်ကွာ"

ကလေးနှစ်ယောက်ကို သွားတိုက်မျက်နှာသစ်ပေးပြီး
အဝတ်အစားပါ လဲပေးလိုက်သည်။သူတို့ daddy
လာလုပ်ပေးလို့ထင်တယ် အပြောင်းအလဲဖြစ်ပြီး
ကလေးတွေ ပျော်ရွှင်နေကြသည်။

သံယောဇဉ်နှောင်ကြိုးDonde viven las historias. Descúbrelo ahora